ဟိန္ဒိုပွဲတော်အထိမ်းအမှတ်အနေနဲ့ ဘာလီကျွန်းမှာ ၂၄ နာရီ အမှောင်ချ

0
276

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းပေါ်မှာ ဟိန္ဒိုဘာသာရေးပွဲတော်အထိမ်းအမှတ်အဖြစ် ဒီကနေ့ မတ်လ ၂၈ ရက်နေ့မှာ ၂၄နာရီတိတိ လျှပ်စစ်ဓါတ်အားအသုံးပြုမှု ရပ်ဆိုင်းထားမှာဖြစ်သလို လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ ဆူညံသံတွေကိုလည်း မထွက်ပေါ်အောင်စီစဉ်သွားမှာဖြစ်ပါတယ်။

ဘာလီကျွန်းမှာကျင်းပတဲ့ နှစ်သစ်ကူးဟိန္ဒိုပွဲဟာ ၆ရက်ကြာကျင်းပမှာဖြစ်ပြီး နှစ်စဉ်မတ်လအတွင်းမှ ကျင်းပလေ့ရှိတဲ့ဒီပွဲတော်ကို “ တိတ်ဆိတ်နေ့ရက်” လို့ လည်း အမည်ပေးထားပါတယ်။ အဆိုပါနေ့ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့အများပြည်သူအလုပ်ပိတ်ရက်လည်းဖြစ်ပါတယ်။

ဒီနေ့မှာ ဟိန္ဒိုဘာသာဝင်တွေဟာ သူတို့ ဘာသာပြန်လည်စဉ်းစားသုံးသပ်မှုပြုလုပ်ကြပြီး အများပြည်သူတွေကို အလင်းရောင်အသုံးပြုမှု၊ အလုပ်လုပ်တာ၊ ခရီးသွားတာ၊ မီးရှို့တာတွေ မလုပ်ကြဖို့တား မြစ်ထားပါတယ်။

ဘာလီကျွန်းက ဟိန္ဒိုဘာသာဝင်တွေဟာ ဒီပွဲတော်မှာ ဟိန္ဒိုဘုရားကျောင်းတွေကနေ ဘာသာရေးဆိုင်ရာပစ္စည်းတွေ ယူဆောင်လာကြပြီး ပင်လယ်အတွင်း ကို မျှောကြပါတယ်။

ဒီလုပ်ဆောင်မှုကြောင့် ကုသိုလ်ကောင်းမှုဖြစ်ပြီး စိတ်ဝိညာဉ်ဆိုင်ရာသန့်စင်မှုတွေ ရနိုင်မယ်လို့လည်း ယုံကြည်ထားကြပါတယ်။

မနေ့ကတနင်္လာနေ့မှာ ဘာလီကျွန်းသူကျွန်းသားတွေဟာ မကောင်းဆိုးရွားနတ်ဆိုးရုပ်တွေကို လမ်းတွေပေါ်သယ်ဆောင်လာကြပြီး အခမ်းအနားနဲ့ မီးရှို့ဖျက် ဆီးကြပါတယ်။ တိတ်ဆိတ်တဲ့နေ့ဟာလည်း အဆိုပါနတ်ဆိုးဝိညာဉ်တွေကို မောင်းထုတ်တဲ့အထိမ်းအမှတ်ဖြစ်ကြောင်းလည်း သိရှိရပါတယ်။ တိတ်တဆိတ် နေခြင်းအားဖြင့် နတ်ဆိုးတွေစာ ဘာလီကျွန်းမှာ နေထိုင်သူမရှိဘူးလို့ ယူဆပြီး ကျွန်းကိုစွန့်ခွာသွားကြလိမ့်မယ်လို့ ယုံကြည်ထားကြတာဖြစ်ပါတယ်။

စားသောက်ဆိုင်၊ ဈေးဆိုင်နဲ့ ကမ်းခြေအားလုံးကိုလည်း ပိတ်ထားမှာဖြစ်ပါတယ်။ ဒီပိတ်ပင်မှုဟာ ဘာလီကျွန်းသားတွေသက်သက်အတွက်မဟုတ်ဘဲ ကမ္ဘာ လှည့်ခရီးသွားတွေလည်း အကျုံဝင်ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် တိုင်းပြည်ရဲ့ခရီးသွားလာမှုတတိယအများဆုံးဖြစ်တဲ့ ဒန်ပန်ဆာလေဆိပ်ကိုလည်း ယနေ့ နံနက် ၆နာရီကစပြီး ၂၄နာရီတိတိ ပိတ်ထားမှာဖြစ်ပါတယ်။

ဘာလီကျွန်းက သြစတေးလျှသံရုံးကတော့ သူ့နိုင်ငံသားတွေကို ဘာလီကျွန်းရဲ့အားလပ်ရက်နဲ့ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို လေးစားမှုပြသကြဖို့ တိုက်တွန်း သတိပေးထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)