မြန်မာလူငယ် ၈ ဦးကို အိန္ဒိယ လေဆိပ်မှာ ထိန်းသိမ်းထား

0
249

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ အင်ဖာမြို့ တူလီဟယ် လေဆိပ်မှာ လူမှောင်ခို ကူးတယ်လို့ သံသယရှိလို့ မြန်မာလူငယ် ၈ ဦးကို ခရီး ဆက်လက် ထွက်ခွာခွင့် မပေးဘဲ ထိန်းသိမ်းထားပါတယ်။

မြန်မာပြည်က လာတယ်ဆိုတဲ့ လူငယ် ၈ ဦးစလုံးမှာ ခရီးသွားလာခွင့်ဆိုင်ရာ စာရွက်စာတမ်း အထောက်အထား တစ်ခုမှ မပါဘူးလို့ အင်ဖာ အနောက်ပိုင်း ရဲစခန်းက ပြောပါတယ်။

လူငယ်တွေဟာ အသက် ၁၈ နှစ်ဝန်းကျင်တွေဖြစ်ပြီး အုပ်ထိန်းသူလည်း မပါဘဲ ကိုလ်ကတ္တာကို သွားဖို့ ကြိုးစားကြတာ ဖြစ်ပါတယ်။ လူငယ်တွေဟာ အဒါးကတ်လို့ ခေါ်တဲ့ အိန္ဒိယ မှတ်ပုံတင်တွေ ကိုင်ဆောင်ထားပေမယ့် ရဲက စစ်ဆေးလိုက်တဲ့အခါ အတုတွေ ဖြစ်နေပါတယ်။

ဒါ့အပြင် လူငယ်တွေဟာ မဏိပူရမှာ သုံးနေတဲ့ ဒေသိယ စကားအပါအဝင် အိန္ဒိယမှာ အသုံးပြုနေတဲ့ ဘာသာစကား တစ်ခုမှ နားမလည်ပါဘူး။

၂၀၁၆ တုန်းကလည်း တူလီဟယ် လေဆိပ်မှာ မဏိပူရ ကလေးသူငယ် အခွင့်အရေး စောင့်ရှောက်ရေး ကော်မရှက အသက်မပြည့်သေးတဲ့ ကလေးသူငယ် ၃၀ ဦးကိုလည်း ခေါ်ယူ ထိန်းသိမ်းပြီး အုပ်ထိန်းသူတွေဆီ ပြန်အပ်ခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)