တင်ပါးအလှအတွက် လူသားနဲ့ မအပ်စပ်တာတွေ ဆေးထိုးသွင်းမှု ကုသပေးသူ ထောင်ကျ

0
269

အမေရိကန်၊ ဖလော်ရီဒါမှာ မိန်းမအဖြစ် လိင်ပြောင်းထားတဲ့ လိုင်စင်မဲ့ ဆေးကုသသူဟာ အမျိုးသမီးတစ်ဦးရဲ့ တင်ပါးအလှပြင်ဖို့ လူသားနဲ့ မအပ်စပ်တဲ့ အရာတွေ ထိုးသွင်းပေးပြီးနောက် ထိုးသွင်းခံရသူ သေဆုံးခဲ့လို့ ထောင်ဒဏ် ၁၀ နှစ်နဲ့ ခြေချုပ် ၅ နှစ် ပြစ်ဒဏ် ချမှတ်ခံရပါတယ်။

လိုင်စင်မရှိဘဲ အလှအပရေးရာ ဆေးကုသသူ မောရစ်

ယောက်ျားကနေ မိန်းမ ပြောင်းထားတဲ့ အသက် ၃၆ နှစ်အရွယ် အိုနီးလ် မောရစ်ဟာ အမျိုးသမီးတစ်ဦးရဲ့ တင်ပါးထဲကို ကားဘီလေဖြည့်ရည်၊ ဘိလပ်မြေ၊ သတ္တုဆီနဲ့ ဆူပါဂလူးကော်ရည်တို့ ရောစပ်ပြီး ထိုးထည့်ခဲ့တယ်လို့ စွဲချက်အတင်ခံရပါတယ်။

အသက် ၃၁ နှစ်အရွယ် ရှတာကာ နူဘီဟာ အဲဒီ ရောမွှေထားတာတွေနဲ့ တင်ပါးထဲ ဆေးထိုးခံပြီးနောက် သေဆုံးခဲ့ပါတယ်။

တင်ပါးကြီးထွားစေဖို့ ဆေးထိုးထည့်ရာမှာ သုံးတဲ့ ပစ္စည်းတချို့

ဘရောဝတ် တရားရုံးမှာတော့ မောရစ်က သူနဲ့ နူဘီဟာ ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ကြောင်း၊ သူ့အနေနဲ့ အဲဒီလို ဆေးထိုးခဲ့ပေးခြင်း မရှိကြောင်း၊ လိမ်ညာနေတာတွေကို နားမထောင်ဖို့ ထွက်ဆိုခဲ့ပါတယ်။

 

ဆေးထိုးခံခဲ့တဲ့ နူဘီဟာ တယ်လာဟတ်ဆီထောင်မှာ ထောင်ကျနေစဉ်အတွင်း ထိုးသွင်းထားတဲ့ ဆေးရည်ဒဏ်နဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ နူဘီဟာ မောရစ်ဆီကနေ တင်ပါး၊ ပေါင်၊ ရင်သားတွေအတွက် တရားမဝင် ကုသမှု ၁၀ ကြိမ်ခန့် ခံယူခဲ့ပြီး ဒေါ်လာ ၂ ထောင် ကုန်ကျခဲ့ပါတယ်။

ဖလော်ရီဒါပြည်နယ်မှာ လိင်ပြောင်းထားသူများအတွက် သီးခြား ဥပဒေ မရှိတာကြောင့် မောရစ်ကို မိန်းမထောင်ကို ပို့မှာ မဟုတ်ဘဲ ယောက်ျားထောင်မှာသာ ထားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)