အမေရိကန်မှာ သမီးဖြစ်သူရဲ့ အကြမ်းဖက်မယ့် အစီအစဉ် မိဘတွေက ရဲကိုတိုင်ကြား

0
308

လူအစုလိုက် အပြုံလိုက်သတ်ဖို့ အစီအစဉ်ရေးဆွဲနေတဲ့ သမီးဖြစ်သူရဲ့ အကြံအစည်ကို မိဘတွေက သိရှိသွားပြီး ရဲကို တိုင်ကြားမှု အမေရိကန်၊ မေရီလန်းပြည်နယ်မှာ ဖြစ်ပွားခဲ့ပါတယ်

အသက် ၁၈ နှစ်အရွယ် နစ်ကိုး စေဗာရီရိုဟာ ဧပြီလ ၅ ရက်နေ့မှာ သူတက်နေတဲ့ စာသင်ကျောင်းမှာ အကြမ်းဖက်မယ့် အစီအစဉ်ကို တစ်ဦးတည်း စီစဉ်တာဖြစ်တယ်လို့ ရဲတွေက ယူဆထားပါတယ်။

နစ်ကိုး စေဗာရီရိုကို အများအပြား ပျက်စီးစေတဲ့ ကိရိယာ ပြုလုပ်ဖို့ ရည်ရွယ်တဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်း ပိုင်ဆိုင်မှု၊ မီးလောင်စေနိုင်တဲ့ ပစ္စည်း ပိုင်ဆိုင်မှုတို့နဲ့ ရဲက ဖမ်းဆီးထားပါတယ်။

နစ်ကိုး စေဗာရီရိုဟာ တားမွန့်မှာ ရှိတဲ့ ကတ်တိုတင် အထက်တန်းကျောင်းမှာ အကြမ်းဖက်ဖို့ ရည်ရွယ်ထားတယ်လို့ ရဲတွေက ဆိုပါတယ်။

စေဗာရီရိုရဲ့ အခန်းမှာ ပိုက်၊ ဗုံးလုပ်ရာမှာ သုံးတဲ့ ပစ္စည်း၊ ယမ်းတွေအပါအဝင် ယမ်းထည့်ဖောက်တဲ့ သေနတ်လည်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ပစ္စည်းတွေကို တရားဝင် ဝယ်ယူခဲ့တယ်ဆိုတဲ့ အထောက်အထားလည်း တွေ့ရှိခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)