ရုရှား အကျင့်ပျက်ခြစားမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲမှာ ပြည်သူ ရာနဲ့ချီပြီး ဖမ်းဆီးခံရ

0
265

ရုရှားနိုင်ငံရဲ့မြို့တော် မော်စကိုမှာ အကျင့်ပျက်ခြစားမှု ဆန့်ကျင်ဆန္ဒပြပွဲ အတွက် စည်းရုံးခဲ့သူ ရုရှားနိုင်ငံရဲ့ အဓိကအတိုက်အခံ ခေါင်းဆောင် အလက်ဇီနာဗာ လင်ကို ဖမ်းဆီလိုက်ပါတယ်။

တစ်နိုင်ငံလုံးဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲမှာ ထောင်နဲ့ချီတဲ့ ပြည်သူတွေ ဖမ်းဆီးခံခဲ့ရ ပါတယ်။ဆန္ဒထုတ်ဖော်သူတွေက အကျင့်ပျက်ချစားမှု ကျုးလွန်ခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ ၀န်ကြီးချုပ် ဒီမီထရီမက်ဗီဒေ့ဗ်ကို နှုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြတာပါ။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒပြပြည်သူ အနည်းဆုံး ၅၀၀ ခန့် ဖမ်းဆီးခံခဲ့ရပါတယ်။ ဆန္ဒပြပွဲအများစုဟာ ခွင့်ပြုချက်မယူခဲ့တာကြောင့် တရား မ၀င်ခဲ့ပါဘူး။
ဆန္ဒပြသူတွေက ပူတင်အခုချက်ချင်းထွက်၊ ပူတင်အလိုမရှိ၊ ပူတင်သူခိုးဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြပါတယ်။ ၂၀၁၁၊ ၂၀၁၂ ခုနှစ်တွေက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေနောက်ပိုင်း အကြီးမားဆုံးဆန္ဒပြပွဲ ဖြစ်ခဲ့တာပါ။

မော်စကိုမြို့လယ်မှာ စုရုံးရောက်ရှိနေကြတဲ့ ပြည်သူတွေဆီကို သွားရောက်ခဲ့တဲ့ အလက်ဇီနာ ဗာလင်ကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အတိုက် အခံခေါင်းဆောင် နာဗာလင်ကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရဲကားကို ဆန္ဒပြပြည်သူတွေက တားဆီးဖို့ ကြိုးစားခဲ့ပါသေးတယ်။

ဖမ်းဆီးခံရပြီးနောက်မှာ နာဗာလင်က တွစ်တာကနေတစ်ဆင့် သူ့ကိုထောက်ခံသူတွေကို ဆန္ဒပြတာတွေ ဆက်လုပ်ကြဖို့ တိုက်တွန်းရေးသားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)