ရုရှားကိစ္စ ဆီးနိတ်မှာ ကြားနာဖို့ သမ္မတ ထရမ့်ရဲ့ သားမက် သဘောတူ

0
298

သမ္မတ ဒေါ်နယ်ထရမ့်ဟာ ရွေးကောက်ပွဲ မတိုင်ခင်က ရုရှား သံအမတ်အပါအဝင် အရာရှိတွေနဲ့ တွေ့ဆုံခဲ့ခြင်း ရှိ၊ မရှိ မေးမြန်းတာကို ဆီးနိတ်ရှေ့မှာ ခံယူဖို့ ထရမ့်ရဲ့ သားမက်ဖြစ်သူက လက်ခံလိုက်ပါတယ်။

ထရမ့်ရဲ့ သားမက် ဂျရက် ခက်ရှ်နာဟာ ဆီးနိတ် စုံစမ်းစစ်ဆေးရေး ကော်မတီ ရှေ့မှောက်မှာ အိမ်ဖြူတော်နဲ့ ကရင်မလင်တို့ ပတ်သက်မှုတွေကို စစ်မေးခံရမှာ ဖြစ်ပါတယ်။

ရုရှားကိစ္စနဲ့ ပတ်သက်လို့ ထရမ့်နဲ့ ဆက်စပ်သူတွေ စစ်မေးခံရမှုမှာ ခက်ရှ်နာက လေးဦးမြောက် ဖြစ်ပါတယ်။ ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးမှူး ပေါလ် မာနာဖို့ဒ်၊ အကြံပေး ကာတာ ပိတ်ခ်ျနဲ့ ရော်ဂျာ စတုန်းတို့ စစ်မေးခံရပြီး ဖြစ်ပါတယ်။ မစ္စတာ ဂျရက် ခက်ရှ်နာကိုယ်တိုင်က ဆီးနိတ်ရှေ့မှာ ဖြေကြားဖို့ လိုလိုလားလား သဘောတူတာ ဖြစ်တယ်လို့ ဆီးနိတ် ကော်မတီက ပြောပါတယ်။

အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားက စွက်ဖက် ပတ်သက်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ၊ စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီးနောက် အခုလို စုံစမ်း မေးမြန်းမှုတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)