ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူပေါင်း ၃၅၀၀ ကျော် ဘေးကင်းရာ ရွှေ့ပြောင်း

0
310

သြစတြေးလျနိုင်ငံ၊ ကွင်းစလန်ဒ်ကမ်းရိုးတန်း ဘက်ကို တစ်နာရီမိုင် ၁၅၀ နှုန်းနဲ့ လေပြင်းတိုက်ခတ်လာတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း ၃၅၀၀ ကျော်ကို ဘေးကင်းရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။

အဆိုပါဆိုင်ကလုန်းဒက်ဘ်ဘီဟာ တနင်္လာနေ့ ဒေသစံတော်ချိန် အစောပိုင်းမှာ ပြင်းပြင်းထန်ထန် ကျရောက်ဖို့ရှိနေတာ ဖြစ်ပါတယ်။ တစ်နာရီ ၆၂ မိုင်နူန်းနဲ့ ထိခိုက်ပျက်စီးမှု ပြင်းထန်မယ်လို့ သတိပေးချက်ထုတ်ပြန်ခဲ့ပေမယ့် အချို့ပြည်သူတွေက ရွှေ့ပြောင်းဖို့ ငြင်းဆိုခဲ့ ကြပါတယ်။

ကွင်းစလန်ဒ်ပြည်နယ်အကြီးအကဲ အန်နာစ်စီယာပါလာဇူခ်က ၂၀၁၁ ခုနှစ်က ၀င်ရောက်ခဲ့တဲ့ ဆိုင်ကလုန်းယာစီလို ပြင်းထန်နိုင်ကြောင်းနဲ့ ရွှေ့ပြောင်းကြရမယ့်အချိန် အင်မတန် နီးကပ်နေပြီဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ဒီကနေ့ မနက် ၇ နာရီမှာ တောင်းစ်ဗီလီနဲ့ ပရိုဆာပိုင်းဒေသတွေက ၂၆၅ မိုင်ရှိတဲ့ဇုန်အတွင်းကို အဆိုပါမုန်တိုင်း ၀င်ရောက်မယ်လို့ ခန့်မှန်းထားကြပါတယ်။
“ ဆိုင်ကလုန်းမုန်တိုင်းဆိုတာက မသေချာမှုတွေတော့ ရှိပါတယ်” လို့ ဒေသဆိုင်ရာမိုးလေ၀သဌာနက ပြောဆိုထားခဲ့ပါတယ်။

ဆိုင်ကလုန်းကြောင့် ဒီရေမြင့်တက်နိုင်ပြီး ၈ မီတာမြင့်တဲ့ရေလှိုင်းတွေဖြစ်ပေါ်နိုင်ပြီး မြေနိမ့်ပိုင်းတွေမှာ ရေကြီးနိုင်ကြောင်း အာဏာပိုင်တွေက သတိပေး ပြော ကြားခဲ့ပါတယ်။

နွေရာသီအပန်းဖြေကျွန်းဖြစ်တဲ့ ၀ှစ်ဆန်းဒေးမှာတော့ တနာရီမိုင် ၁၀၀နူန်းနဲ့ လေပြင်းတိုက်ခဲ့ပါတယ်။ ၄င်းဖြစ်စဉ်ကြောင့် အမျိုးသမီးတစ်ဦး ကားတိုက်မိပြီး သေဆုံးခဲ့ကြောင်း ရဲကော်မရှင် နာအိုင်အန်စတိဝတ်က ဆိုပြောပါတယ်။

ကွင်းစလန်ဒ်အာဏာပိုင်တွေက စာသင်ကျောင်းပေါင်း ၁၀၂ကျောင်း၊ နေ့ကလေးထိန်း ကျောင်းပေါင်း ၈၁ ကျောင်းနဲ့လေဆိပ်နှစ်ခုကို ပိတ်ထားခဲ့ပါတယ်။ တောင်းစ်ဗီလီနဲ့ မက်ခ်ကေးလေဆိပ်တွေက ခရီးစဉ်တွေကိုလည်း ဖျက်သိမ်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)