ဂျပန်အပန်းဖြေ စကိတ်စခန်းမှာ ရေခဲတောင်ပြိုကျမှုကြောင့် ကျောင်းသား ၆ ဦးသေဆုံးဖွယ်ရှိ

0
279

ဂျပန်နိုင်ငံက အပန်းဖြေစကိတ်စခန်းတစ်ခုမှာ ရေခဲတောင်ပြိုကျခဲ့တာကြောင့် ဂျပန်ကျောင်းသားခြောက်ဦး ပိတ်မိနေခဲ့ပြီး သေဆုံးဖွယ်ရှိနေကြောင်း သိရှိ ရပါတယ်။

ဂျပန်နိုင်ငံ၊ နာဆုမြိုအနီးက နာဆုအွန်ဆန်မိသားစုအပန်းဖြေ စကိတ်စခန်းမှာ မနေ့ နက်ပိုင်းက ရေခဲတောင်ပြိုကျမှုဖြစ်ခဲ့တာပါ။

လူငယ် ၆ ဦးကို အသက်ရှင်နေတဲ့လက္ခဏာမရှိဘဲ တွေ့ရှိခဲ့ရပြီး နောက်ထပ် ၃ ဦးပျောက်ဆုံးနေကြောင်းလည်း သိရှိရပါတယ်။ အဆိုပါ ရေခဲတောင်ပြိုကျချိန်မှာ ကျောင်းသားနဲ့ဆရာတွေပါဝင်တဲ့ လူပေါင်း ၇၀ ခန့် ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။

တောင်တက်သင်ခန်းစာသင်ယူဖို့အတွက် ကျောင်းသားတွေနဲ့ ဆရာတွေရောက်ရှိနေခဲ့တာဖြစ်ကြောင်း ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။ ကယ်ဆယ် ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိနေပြီး နောက်ထပ်ဒဏ်ရာရသူနဲ့ ပျောက်ဆုံးသူတွေ ရှိသေးလားဆိုတာကို အရာရှိတွေက စုံစမ်းနေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)