သမ္မတဟောင်း ပတ်ခ်ဂွန်ဟေးကို ဖမ်းဝရမ်း ထုတ်ပြီ

0
294

အကျင့်ပျက်ခြစားမှုမှာ ပါဝင်ခဲ့မှုကြောင့် သမ္မတဟောင်း ပတ်ခ်ဂွန်ဟေးကို တောင်ကိုရီးယား တရားစီရင်ရေးဌာနက ဖမ်းဝရမ်းထုတ်လိုက်ပြီ
ဖြစ်ပါတယ်။

အခုလ အစောပိုင်းမှာ ပတ်ခ်ဂွန်ဟေးဟာ သမ္မတအနေနဲ့ တရားစီရင်ရေးရဲ့ဆင့်ခေါ်မှုကို တားဆီးနိုင်စွမ်း မရှိဘဲ ဖယ်ရှားခံခဲ့ရတာဖြစ်ပါတယ်။
သူမကို ဖယ်ရှားဖို့ ပါလီမန်ရဲ့ ဆုံးဖြတ်ချက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက အတည်ပြုခဲ့တာကြောင့် သမ္မတရာထူးကနေ ပြုတ်သွားခဲ့ရတာဖြစ်ပါတယ်။

မစ္စပတ်ခ်ဟာ သူမရဲ့ရင်းနှီးတဲ့မိတ်ဆွေ ချောင်ဆွန်စီလ်ရဲ့ အကျင့်ပျက်ခြစားမှု လုပ်ဆောင်ချက်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ စွပ်စွဲခံနေရတာဖြစ်ပါတယ်။ မစ္စချောင်က ကုမ္ပဏီကြီးတွေကို အစိုးရမျက်နှာသာပေးမှုရအောင် လာဘ်ငွေထိုးဖို့ ပြောဆိုလုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ အဆိုပါ စွပ်စွဲချက်တွေကို ပတ်ခ်ဂွန်ဟေးက ငြင်းပယ်ထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက အာဏာပိုင်တွေရဲ့ ၁၄ နာရီကြာ စစ်ဆေးမှုမခံရမီမှာ ပြည်သူအများကို ပတ်ခ်ဂွန်ဟေးက တောင်းပန်စကား ပြောကြားခဲ့ပါတယ်။

မစ္စပတ်ခ်ကို မဖမ်းဆီးဘူးဆိုရင် ကွန်ပျူတာ ဟတ်ဒစ်လို သက်သေအထောက်အထားတွေကို ဖျက်ဆီးဖွယ်ရှိကြောင်း တရားစီရင်သူတွေက ပြောဆိုခဲ့ပါတယ်။

လာဘ်ပေးလာဘ်ယူမှုနဲ့ အကျင့်ပျက်ခြစားမှုတွေအတွက် မစ္စချောင်ကတော့ တရားရင်ဆိုင်နေရပြီဖြစ်ပါတယ်။ ဒီပြဿနာရဲ့အရင်းခံအကြောင်းတရားအနေနဲ့ မစ္စပတ်ခ်နဲ့ မစ္စချောင်တို့ဟာ အင်မတန်ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်နေတဲ့ အချက်လည်း ပါဝင်နေပါတယ်။ မစ္စချောင်က သမ္မတနဲ့ ပတ်သက်မှုရှိတာကို အခွင့် ကောင်းယူပြီး သူမထိန်းချုပ်ထားတဲ့ ဖောင်ဒေးရှင်းတွေမှာ ကုမ္ပဏီကြီးတွေကို ဒေါ်လာသန်းနဲ့ချီပြီးလှူဒါန်းဖို့ ဖိအားပေးခဲ့တယ်လို့ စွပ်စွဲခံနေရတာ ဖြစ်ပါတယ်။

အဆိုပါ အကျင့်ပျက်ခြစားမှုမှာ ပါဝင်ခဲ့လို့ ဆမ်ဆောင်းကွန် ဂရိုမားရိတ်အကြီးအကဲ လီဂျေယောင်ကို ဖမ်းဆီးမှုအပြီးမှာ အခုလိုအရေးယူမှုတွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)