ေသဆံုးတာ ႏွစ္ ၃၀ ၾကာၿပီျဖစ္တဲ့ မိခင္အေလာင္းနဲ႔ အတူေနသူ အမ်ိဳးသမီးကို ေတြ႔ရွိ

0
940

 

ယူကရိန္းႏိုင္ငံ၊ မိုက္ကိုေလ့ဗ္ၿမိဳ႕ရွိ ေနအိမ္ တိုက္ခန္းတစ္ခုမွာ အသက္ ၇၇ ႏွစ္အရြယ္ ပင္စင္စား အမ်ိဳးသမီးဟာ ေသဆံုးတာ ႏွစ္ ၃၀ ၾကာၿပီး မံမီပံုစံျဖစ္ေနတဲ့ မိခင္နဲ႔ အတူ ေနထိုင္ေနတာကို ေတြ႔ရွိခဲ့ၾကပါတယ္။

အိမ္နီးနားခ်င္းေတြက ရဲကို ဖုန္းဆက္ေခၚခဲ့တာ ျဖစ္ၿပီး အခန္းထဲမွာ အမိႈက္ေတြ ႐ႈပ္ပြေနကာ အသက္ ၇၇ ႏွစ္အရြယ္ အမ်ိဳးသမီးဟာ ေလျဖတ္ကာ အေရးေပၚ ေဆးကုသမႈ ခံယူဖို႔ လိုေနတာကို ေတြ႔ခဲ့ၾကပါတယ္။ အိမ္ထဲက အခန္းတစ္ခန္းထဲက ဆိုဖာတစ္ခုေပၚမွာ ေသဆံုးသြားခဲ့တာ ႏွစ္ ၃၀ ၾကာခဲ့ၿပီ ျဖစ္တဲ့ သူ႔မိခင္ရဲ႕ အေလာင္းကိုလည္း ေတြ႔ရွိခဲ့ၾကပါတယ္။

အေလာင္းကို တာရွည္ခံေအာင္ ျပဳျပင္စီရင္ထားတာ မရွိေပမယ့္ မံမီ ပံုစံျဖစ္ေနၿပီး နံေဘးပတ္လည္မွာလည္း ဘာသာေရး ႐ုပ္ပံုေတြနဲ႔ ခ်ထားေပးတာကို ေတြ႔ရပါတယ္။

႐ုပ္ေလာင္းကို ဝတ္စံုုျဖဴဝတ္ေပးထားၿပီး၊ ဦးထုပ္၊ ေျခအိတ္အစိမ္း၊ အျပာေရာင္ ႐ွဴးဖိနပ္ေတြလည္း ဝတ္ဆင္ေပးထားပါတယ္။ အေလာင္းကို တိုက္ခန္းကေန ဖယ္ရွားလိုက္ၿပီး အမ်ိဳးသမီးကိုလည္း ေဆး႐ံု ပို႔ေဆာင္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>

သေဆုံးတာ နှစ် ၃၀ ကြာပြီဖြစ်တဲ့ မိခင်အလောင်းနဲ့ အတူနေသူ အမျိုးသမီးကို တွေ့ရှိ

ယူကရိန်းနိုင်ငံ၊ မိုက်ကိုလေ့ဗ်မြို့ရှိ နေအိမ် တိုက်ခန်းတစ်ခုမှာ အသက် ၇၇ နှစ်အရွယ် ပင်စင်စား အမျိုးသမီးဟာ သေဆုံးတာ နှစ် ၃၀ ကြာပြီး မံမီပုံစံဖြစ်နေတဲ့ မိခင်နဲ့ အတူ နေထိုင်နေတာကို တွေ့ရှိခဲ့ကြပါတယ်။

အိမ်နီးနားချင်းတွေက ရဲကို ဖုန်းဆက်ခေါ်ခဲ့တာ ဖြစ်ပြီး အခန်းထဲမှာ အမှိုက်တွေ ရှုပ်ပွနေကာ အသက် ၇၇ နှစ်အရွယ် အမျိုးသမီးဟာ လေဖြတ်ကာ အရေးပေါ် ဆေးကုသမှု ခံယူဖို့ လိုနေတာကို တွေ့ခဲ့ကြပါတယ်။ အိမ်ထဲက အခန်းတစ်ခန်းထဲက ဆိုဖာတစ်ခုပေါ်မှာ သေဆုံးသွားခဲ့တာ နှစ် ၃၀ ကြာခဲ့ပြီ ဖြစ်တဲ့ သူ့မိခင်ရဲ့ အလောင်းကိုလည်း တွေ့ရှိခဲ့ကြပါတယ်။

အလောင်းကို တာရှည်ခံအောင် ပြုပြင်စီရင်ထားတာ မရှိပေမယ့် မံမီ ပုံစံဖြစ်နေပြီး နံဘေးပတ်လည်မှာလည်း ဘာသာရေး ရုပ်ပုံတွေနဲ့ ချထားပေးတာကို တွေ့ရပါတယ်။

ရုပ်လောင်းကို ဝတ်စုံဖြူဝတ်ပေးထားပြီး၊ ဦးထုပ်၊ ခြေအိတ်အစိမ်း၊ အပြာရောင် ရှူးဖိနပ်တွေလည်း ဝတ်ဆင်ပေးထားပါတယ်။ အလောင်းကို တိုက်ခန်းကနေ ဖယ်ရှားလိုက်ပြီး အမျိုးသမီးကိုလည်း ဆေးရုံ ပို့ဆောင်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)