အေျခခံဥပေဒ ျပင္ဆင္မႈကို ေဝဖန္ခ်ပ္တြ တ႐ုတ္ ဖယ္ရွား၊ ဆင္ဆာျဖတ္မႈ ေဝဖန္ခံရ

0
891

သမၼတ ရွီက်င့္ဖ်င္ကို တစ္သက္တာ တာဝန္ယူခြင့္ရေအာင္ ျပင္ဆင္မယ့္ ဖြဲ႔စည္းပံုအေျခခံဥပေဒကိစၥ ေဝဖန္ေရးသားခ်က္ေတြကို အြန္လိုင္းကေန ဖယ္ရွားတာ၊ ဆင္ဆာျဖတ္ေတာက္တာေတြနဲ႔ ပတ္သက္လို႔ ႏိုင္ငံတကာ ဂ်ာနယ္လစ္ ဖက္ဒေရးရွင္း (IFJ) က ေဝဖန္႐ႈတ္ခ်လိုက္ပါတယ္။

သမၼတ နဲ႔ ဒုတိယသမၼတတို႔ဟာ သက္တမ္း ၂ ခုထက္ ပိုၿပီး တာဝန္မယူရဆိုတဲ့ အခ်က္အပါအဝင္ တျခား ဖြဲ႔စည္းပံု အေျခခံဥပေဒပါ အခ်က္ေတြကို ျပင္ဆင္ဖို႔ တ႐ုတ္ဗဟိုေကာ္မတီ ကြန္ျမဴနစ္ပါတီက အဆိုျပဳခဲ့တယ္လို႔ ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔မွာ ဆင္ဟြာသတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

ျပင္ဆင္ထည့္သြင္းမယ့္ အခ်က္ေတြထဲမွာ ‘ေခတ္သစ္အတြက္ တ႐ုတ္ရဲ႕ စ႐ိုက္လကၡဏာနဲ႔ ဆိုရွယ္လစ္ဝါဒအေပၚ ရွီ က်င့္ဖ်င္ အေတြးအေခၚ’ ဆိုတာလည္း ပါဝင္ပါတယ္။

ေဟာင္ေကာင္ အေျခစိုက္ သတင္းဌာနေတြရဲ႕ ေဝဖန္ခ်က္ကို ဝက္ဘ္ဆိုက္ေပၚက ဖယ္ရွားတာ၊ ဆိုရွယ္မီဒီယာထဲက ေဝဖန္တဲ့ ေကာ္မန္႔ေတြကို ဖ်က္ပစ္တာ၊ ေကာ္မန္႔ေတြ ေပးလို႔ မရေအာင္ ပိတ္ထားတာေတြ လုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အခြေခံဥပဒေ ပြင်ဆင်မှုကို ဝေဖန်ချပ်တွ တရုတ် ဖယ်ရှား၊ ဆင်ဆာဖြတ်မှု ဝေဖန်ခံရ

သမ္မတ ရှီကျင့်ဖျင်ကို တစ်သက်တာ တာဝန်ယူခွင့်ရအောင် ပြင်ဆင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စ ဝေဖန်ရေးသားချက်တွေကို အွန်လိုင်းကနေ ဖယ်ရှားတာ၊ ဆင်ဆာဖြတ်တောက်တာတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ဂျာနယ်လစ် ဖက်ဒရေးရှင်း (IFJ) က ဝေဖန်ရှုတ်ချလိုက်ပါတယ်။

သမ္မတ နဲ့ ဒုတိယသမ္မတတို့ဟာ သက်တမ်း ၂ ခုထက် ပိုပြီး တာဝန်မယူရဆိုတဲ့ အချက်အပါအဝင် တခြား ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်တွေကို ပြင်ဆင်ဖို့ တရုတ်ဗဟိုကော်မတီ ကွန်မြူနစ်ပါတီက အဆိုပြုခဲ့တယ်လို့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ပြင်ဆင်ထည့်သွင်းမယ့် အချက်တွေထဲမှာ ‘ခေတ်သစ်အတွက် တရုတ်ရဲ့ စရိုက်လက္ခဏာနဲ့ ဆိုရှယ်လစ်ဝါဒအပေါ် ရှီ ကျင့်ဖျင် အတွေးအခေါ်’ ဆိုတာလည်း ပါဝင်ပါတယ်။

ဟောင်ကောင် အခြေစိုက် သတင်းဌာနတွေရဲ့ ဝေဖန်ချက်ကို ဝက်ဘ်ဆိုက်ပေါ်က ဖယ်ရှားတာ၊ ဆိုရှယ်မီဒီယာထဲက ဝေဖန်တဲ့ ကော်မန့်တွေကို ဖျက်ပစ်တာ၊ ကော်မန့်တွေ ပေးလို့ မရအောင် ပိတ်ထားတာတွေ လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)