
0
883




>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကိုလံဘီယာ ပေါက်ကွဲမှု စစ်သား ၅ ဦး သေ

ကိုလံဘီယာနိုင်ငံမှာ မနေ့က ဖေဖော်ဝါရီ ၂၇ ရက်မှာ ပေါက်ကွဲမှု တစ်ခုဖြစ်ပွားလို့ စစ်သား ၅ ဦး သေဆုံးပြီး တခြား ၁၀ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ကိုလံဘီယာ စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။

ဒီဖောက်ခွဲမှုဟာ အကြမ်းဖက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကိုလံဘီယာ စစ်တပ် အပြစ်တင်ထားပါတယ်။ ကိုလံဘီယာ အရှေ့မြောက်ပိုင်း ဗင်နီဇွဲလား နယ်စပ်အနီး နော် ဒီ ဆန်တာဒါမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

လက်ဝဲယိမ်း သူပုန်အဖွဲ့ အမျိုးသားလွတ်မြောက်ရေး တပ် (ELN) က ရွေးကောက်ပွဲ မတိုင်ခင် တစ်ဖက်သတ် အပစ်ရပ်မယ်လို့ ကြေညာပြီး နောက်တစ်ရက်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့ကမှ တာဝန်ရှိကြောင်း ကြေညာတာ မရှိသေးပါဘူး

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)