ဖေလာ္ရီဒါရွိ တကၠသိုလ္မွာ ဆရာေတြကို လက္နက္တပ္ဆင္ေပးဖို႔ စမ္းသပ္

0
885

ဖေလာ္ရီဒါ အထက္တန္းေက်ာင္းမွာ ၁၇ ဦး ေသဆံုးတဲ့ ပစ္ခတ္မႈ ျဖစ္ပြားၿပီးေနာက္ စာသင္ေက်ာင္းက ဆရာနဲ႔ ဝန္ထမ္းေတြကို လက္နက္တပ္ဆင္ေပးဖို႔ အႀကံေပးမႈေတြ ရွိရာမွာ ဖေလာ္ရီဒါရွိ တကၠသိုလ္တစ္ခုက ဆရာေတြကုိ လက္နက္ကိုင္ႏိုင္ဖို႔ စတင္ စမ္းသပ္ေနပါတယ္။

သမၼတ ေဒၚနယ္ ထရမ့္ ကိုယ္တိုင္ကလည္း ေက်ာင္းဆရာေတြကို လက္နက္ကိုင္ခြင့္ေပးဖို႔နဲ႔ ဒါမွသာ စာသင္ေက်ာင္းေတြကို ပစ္မွတ္ထား အၾကမ္းဖက္ဖို႔ ခက္ခဲႏိုင္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဖေလာ္ရီဒါရွိ ေဆာက္သ္ အီစတန္း တကၠသိုလ္ကေတာ့ ဆရာေတြကို လက္နက္ကို အေစာင့္အေရွာက္ အျဖစ္ပါ တာဝန္ေပးဖို႔ စမ္းသပ္ၾကည့္ေနပါတယ္။ ခရစ္ အိုဝင္ဟာ စာသင္တဲ့ဆရာလည္း ျဖစ္သလို ေက်ာင္းအုပ္ခ်ဳပ္ေရး အဖြဲ႔ဝင္လည္း ျဖစ္ပါတယ္။ သူက တကၠသိုလ္ကို လာတဲ့အခါ လက္နက္ ထည့္လာပါတယ္။

အေမရိကန္က တျခားဆရာေတြလည္း သူ႔လိုပဲ လိုက္လုပ္လိမ့္မယ္လို႔ ယံုၾကည္ေၾကာင္း ခရစ္ အိုဝင္က ေျပာပါတယ္။  

>>>>>>>>>>>>>>>>>>>>>>>>>>>

ဖလော်ရီဒါရှိ တက္ကသိုလ်မှာ ဆရာတွေကို လက်နက်တပ်ဆင်ပေးဖို့ စမ်းသပ်

ဖလော်ရီဒါ အထက်တန်းကျောင်းမှာ ၁၇ ဦး သေဆုံးတဲ့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စာသင်ကျောင်းက ဆရာနဲ့ ဝန်ထမ်းတွေကို လက်နက်တပ်ဆင်ပေးဖို့ အကြံပေးမှုတွေ ရှိရာမှာ ဖလော်ရီဒါရှိ တက္ကသိုလ်တစ်ခုက ဆရာတွေကို လက်နက်ကိုင်နိုင်ဖို့ စတင် စမ်းသပ်နေပါတယ်။

သမ္မတ ဒေါ်နယ် ထရမ့် ကိုယ်တိုင်ကလည်း ကျောင်းဆရာတွေကို လက်နက်ကိုင်ခွင့်ပေးဖို့နဲ့ ဒါမှသာ စာသင်ကျောင်းတွေကို ပစ်မှတ်ထား အကြမ်းဖက်ဖို့ ခက်ခဲနိုင်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ဖလော်ရီဒါရှိ ဆောက်သ် အီစတန်း တက္ကသိုလ်ကတော့ ဆရာတွေကို လက်နက်ကို အစောင့်အရှောက် အဖြစ်ပါ တာဝန်ပေးဖို့ စမ်းသပ်ကြည့်နေပါတယ်။ ခရစ် အိုဝင်ဟာ စာသင်တဲ့ဆရာလည်း ဖြစ်သလို ကျောင်းအုပ်ချုပ်ရေး အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ သူက တက္ကသိုလ်ကို လာတဲ့အခါ လက်နက် ထည့်လာပါတယ်။ အမေရိကန်က တခြားဆရာတွေလည်း သူ့လိုပဲ လိုက်လုပ်လိမ့်မယ်လို့ ယုံကြည်ကြောင်း ခရစ် အိုဝင်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)