
0
908




>>>>>>>>>>>>>>>>>>>>>>>>>>>>>

တောင်ကိုရီးယား လေပိုင်နက်ထဲ စစ်လေယာဉ် ဝင်ရောက်မှု သံအမတ်ကို ဆင့်ခေါ် သတိပေး

တောင်ကိုရီးယား လေပိုင်နက်ထဲကို တရုတ် စစ်လေယာဉ် တစ်စင်း ဝင်ရောက်လာမှုနဲ့ ပတ်သက်ပြီး တောင်ကိုရီးယား အစိုးရက တရုတ်သံအမတ်ကို မနေ့က ဖေဖော်ဝါရီ ၂၇ ရက်မှာ ဆင့်ခေါ် သတိပေးခဲ့ပါတယ်။

တောင်ကိုရီးယား ဝေဟင်ပိုင်နက်ထဲ တရုတ်စစ်လေယာဉ် ဝင်ရောက်လာမှုဟာ ဒီနှစ်ထဲမှာ ဒုတိယအကြိမ် ဖြစ်တယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ တရုတ်စစ်လေယာဉ်ဟာ တောင်ကိုရီးယား လေပိုင်နက်ထဲမှာ ၄ နာရီကျော်ကြာ ပျံသန်းခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယား လေပိုင်နက်ထဲ ဝင်ရောက်တာဟာ ကောင်းတဲ့လုပ်ရပ် မဟုတ်ကြောင်းနဲ့ နောင်မှာ အဲဒီလို ထပ်မဖြစ်ဖို့ တောင်ကိုရီးယားဆိုင်ရာ တရုတ်သံအမတ် ကီယူ ဂေါင်ဟွန်ကို တောင်ကိုရီးယား အစိုးရက သတိပေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)