
0
880




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အင်စတာဂရမ်မှာ နာမည်ကြီးတဲ့ မိန်းကလေး ရဲကို တိုက်ခိုက်လို့ အဖမ်းခံရ

လူမည်းယဉ်ကျေးမှုကို သရော်တာတွေ အင်စတာဂရမ်မှာ တင်ပြီး နာမည်ကြီးလာတဲ့ ‘ဝိုအာ ဗစ်ကီ’ လို့ လူသိများတဲ့ ဆယ်ကျော်သက် မိန်းကလေးဟာ ရဲအရာရှိတစ်ဦးကို တိုက်ခိုက်နှောင့်ယှက်မှုနဲ့ အဖမ်းခံလိုက်ရပါတယ်။

အသက် ၁၇ နှစ်အရွယ် ဗစ်တိုရီးယား ဝါးလ်ဒ်ရစ်ကို မြောက်ကာရိုလိုင်းနားရှိ ဈေးဝယ်စင်တာတစ်ခုမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ လူမည်းယဉ်ကျေးမှုကို အငြင်းပွားဖွယ် သရော်လေ့ရှိတဲ့ ဝိုအာ ဗစ်ကီကို တားမြစ်နယ်မြေထဲ ကျူးကျော်ဝင်မှု၊ ဥပဒေအရ တာဝန်ထမ်းဆောင်နေသူကို နှောင့်ယှက်မှုတို့နဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖမ်းတာလို့ ရဲ့ ပြောပါတယ်။

ဈေးဝယ်စင်တာထဲမှာ ဆူပူသောင်းကျန်းခဲ့တဲ့ ဝိုအာ ဗစ်ကီဟာ လူမည်းယဉ်ကျေးမှုကို အပြုသဘော မဆောင်တဲ့ လှုပ်ရှားမှုတွေ လုပ်လေ့ရှိပေမယ့် သူတတ်နိုင်တဲ့ ဘက်က ဝိုင်းဝန်းလုပ်ဆောင်တာလို့ ခုခံပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)