
0
960

 




>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယား ခေါင်းဆောင်တွေ ဘရာဇီး နိုင်ငံကူး လက်မှတ်တွေ ကိုင်ဆောင်ခဲ့

၂၀၁၁ ခုနှစ်မှာ သေဆုံးတဲ့ ကင်ဂျုံအီနဲ့ သူ့ရဲ့သား လက်ရှိ အာဏာရှင် ကင်ဂျုံအန်တို့ဟာ ၁၉၉၀ ဝန်းကျင်မှာ အနောက်နိုင်ငံတွေကို သွားဖို့ ဗီဇာလျှောက်ရာမှာ ဘရာဇီး နိုင်ငံကူးလက်မှတ်တွေကို သုံးခဲ့တယ်လို့ ဥရောပ ထောက်လှမ်းရေးတွေက ပြောပါတယ်။

ကင်ဂျုံအန်ရဲ့ နာမည်က ‘ဂျိုးဆက်ဖ် ပက်ဂ်’ ဖြစ်ပြီး သူ့ဖခင် အမည်ကတော့ ‘အီဂျုံ တီချွိုင်’ လို့ ပတ်စ်ပို့မှာ ဖော်ပြထားပါတယ်။ အနည်းဆုံး နှစ်နိုင်ငံ ၂ ခုကို သွားဖို့ ဘရာဇီး ပတ်စ်ပို့ကို သုံးခဲ့တယ်လို့ ထောက်လှမ်းရေးတွေက ပြောပါတယ်။

သူတို့ဟာ ဘရာဇီး ပတ်စ်ပို့ကို သုံးခဲ့တယ်ဆိုတာ ကင်ဂျုံအန်နဲ့ ကင်ဂျုံအီတို့ရဲ့ ဓာတ်ပုံတွေကို ကြည့်ရင် ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်၊ သူတို့ဟာ နိုင်ငံခြား သံရုံးတွေမှာ ဗီဇာတွေ လျှောက်ခဲ့တယ်လို့ ဝါရင့်ထောက်လှမ်းတစ်ဦးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)