
0
359




>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပါပူဝါ နယူးဂီနီငလျင် သေဆုံးသူ ၁၅ ဦးရှိ

ပါပူဝါ နယူးဂီနီ နိုင်ငံ၊ မင်ဒိမြို့ တောင်ပိုင်းမှာ မနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့က အင်အားပြင်း ၇ ဒသမ ၅ မဂ္ဂနီကျုအဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့လို့ သေဆုံးသူ အနည်းဆုံး ၁၅ ဦး ရှိခဲ့ပါတယ်။

ငလျင် လှုပ်ခတ်မှုကြောင့် လူနေအိမ် အဆောက်အဦးတွေ ပြိုကျပျက်စီးခဲ့ပြီး လက်ရှိအချိန်မှာတော့ ထိခိုက်ဒဏ်ရာ ရရှိသူတွေကို ဆေးရုံကို ပို့ဆောင်ထားပါတယ်။ ကြီးမားတဲ့ အဆောက်အဦး ၂ ခု ပြိုကျမှုနဲ့ မြေပြိုကျမှုတွေကြောင့် မင်ဒိမြို့မှာတင် သေဆုံးသူ ၁၂ ဦးရှိခဲ့ကာ သေဆုံးသူ အရေအတွက် ၃၀ လောက်အထိ ဆက်လက် မြင့်တက်လာနိုင်တဲ့ အနေအထားမှာ ရှိနိုင်တယ်လို့ စိုးရိမ်နေကြပါတယ်။

လူဦးရေ ၇ သန်း ရှိတဲ့ ပါပူဝါ နယူး ဂီနီမှာ ၁၉၉၈ ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူပေါင်း ၂၂၀ဝ သေဆုံးခဲ့ဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)