၂၀၁၆ ခုနှစ် အတွင်း ဂျာမနီနိုင်ငံရဲ့ လူဦးရေ စံချိန်တင် မြင့်တက်လာခဲ့

0
436

ရွှေ့ပြောင်းနေထိုင်သူပေါင်းများစွာကို လက်ခံခဲ့တဲ့ ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂျာမနီနိုင်ငံဟာ ၂၀၁၆ ခုနှစ်အတွင်းမှာ လူဦးရေ ၆ သိန်းလောက် မြင့်တက်လာခဲ့တယ်လို့ ဖက်ဒရယ်စာရင်းအင်းဌာနက ဇန်နဝါရီ ၂၇ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဒါကြောင့် ဂျာမနီနိုင်ငံရဲ့ လူဦးရေဟာ လက်ရှိမှာ ၈၂.၈ သန်းအထိကို စံချိန်တင် မြင့်မားလာတာပါ။

အမှန်တော့ ဂျာမနီနိုင်ငံမှာ ၂၀၁၆ ခုနှစ်အတွင်း ကွယ်လွန်သူအရေအတွက်ဟာ ၁ သိန်းခွဲကနေ ၁ သိန်း ၉ သောင်းကြားထိ ရှိခဲ့တာကြောင့် အဲဒီနှစ်အတွင်း မွေးတဲ့သူ အရေအတွက်ထက်တောင် များနေတာ ဖြစ်ပေမဲ့ ခုလို လူဦးရေက စံချိန်တင် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်တွေမှာ အရှေ့အလယ်ပိုင်း၊ အာဖရိကဒေသက စစ်ဘေးနဲ့ ဆင်းရဲနွမ်းပါးမှုကြောင့် ထွက်ပြေးလာသူ တစ်သန်းလောက်ဟာ ဂျာမနီထဲကို ဝင်ရောက်ခဲ့ကြပါတယ်။ ဂျာမနီဟာ စီးပွားရေး ကောင်းပြီး ခိုလှုံခွင့်လက်ခံတဲ့စနစ်ကလည်း သင့်တင့်မျှတတဲ့အတွက် အဆင်ပြေခဲ့ကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)