ခရစ်ယာန် ဒုက္ခသည်တွေကို ဦးစားပေးလက်ခံသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပြော

0
486

အမေရိကန်ပြည်ထောင်စုအတွင်းမှာ ခရစ်ယာန်ဘာသာဝင် ဒုက္ခသည်တွေကိုပဲ ဦးစားပေးလက်ခံသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ဆီးရီးယားနိုင်ငံက ၀င်ရောက်လာတဲ့စစ်ဘေးဒုက္ခသည်တွေထဲက ခရစ်ယာန်ဘာသာဝင် တွေကို ဦးစားပေးလက်ခံသွားမှာဖြစ်တယ်လို့ CNN သတင်းဌာနရဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့တာပါ။

ဆီးရီးယားနိုင်ငံက ခရစ်ယာန်ဘာသာဝင်စစ်ဘေး ဒုက္ခသည်တွေဟာ ခါးခါးသီးသီး ဆက်ဆံခံခဲ့ရတာကြောင့် အမေရိကန်အစိုးရအနေနဲ့လည်း အဲဒီညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ ခရစ်ယာန်ဘာသာဝင် စစ်ဘေးဒုက္ခသည်တွေကို ဦးစားပေး လက်ခံသွားမှာဖြစ်တယ်လို့ သမ္မသစ် ဖြစ်လာတဲ့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်လာခဲ့တဲ့ စစ်ဘေးဒုက္ခသည်တွေထဲမှာ မူဆလင်ဆိုရင် ခိုလုံခွင့်ရရှိဖို့ လွယ်ကူပေမဲ့ ခရစ်ယာန်ဘာသာဝင်ဆိုရင် ခိုလှုံခွင့်ရရှိဖို့ လုံးဝမဖြစ်နိုင်သလောက်ဖြစ်နေပြီး ဒုက္ခရောက်တဲ့ လူတွေချင်းတူပေမဲ့ မျှတမှုလုံးဝမရှိဘူးလို့လည်း ထရမ့်က ပြောပါတယ်။

သုတေသန စစ်တမ်းတွေအရ ၂၀၁၆ ခုနှစ်မှာ ဆီးရီးယား စစ်ဘေးဒုက္ခသည်ပေါင်း ၁၂၆၀၀ ရှိတဲ့ထဲမှာ ၁ ရာခိုင်နှုန်းလောက်ကသာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)