တောင်ကိုရီးယားနဲ့ အာဆီယံကြား ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေး တည်ထောင်မယ်လို့ သမ္မတ မွန်ဂျေအင်း ပြော

0
6

တောင်ကိုရီးယားနဲ့ အာဆီယံအကြား ပိုမိုခိုင်မာတဲ့ ဆက်ဆံရေးကို တည်ထောင်မယ်လို့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းက ပြောပါတယ်။

သမ္မတ မွန်းက အာဆီယံ-တောင်ကိုရီးယား ဆွေးနွေးဖက် ဆက်ဆံရေး ထိပ်သီးဆွေးနွေးပွဲကို နိုဝင်ဘာလ ၁၆ ရက်နေ့က ဘူဆန်မှာ လက်ခံကျင်းပနေပါတယ်။ ဒါဟာ အရှေ့တောင်အာရှနဲ့ အိန္ဒိယနိုင်ငံတို့နဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ရည်ရွယ်တဲ့ သမ္မတမွန်းရဲ့ တောင်ပိုင်းဒေသ မူဝါဒသစ်နဲ့အညီ ကျင်းပတာဖြစ်ပါတယ်။

၁၉၉၀ ခုနှစ်နှောင်းပိုင်း ကာလတွေက ဖြစ်ပေါ်ခဲ့တဲ့ အာရှငွေကြေး အကြပ်အတည်းကို တောင်ကိုရီးယားနဲ့ အာဆီယံနိုင်ငံတွေ ရင်ဆိုင်ကျော်လွှားခဲ့တာကို မစ္စတာ မွန်းက အစည်းအဝေးအစမှာ အလေးပေး ပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယားရဲ့ အာဆီယံနိုင်ငံတွေမှာ ရင်နှီးမြှုပ်နှံမှုဟာ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကာလအတွင်း အဆ ၇၀ တိုးလာခဲ့ကြောင်းလည်း မစ္စတာ မွန်းက ပြောခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ အာဆီယံနိုင်ငံတွေအကြား စည်းလုံးမှုဟာ စိန်ခေါ်မှုအသစ်တွေကို ကျော်လွှားနိုင်မှာ ဖြစ်ကြောင်းနဲ့ အကျိုးတူ ဇုန်တစ်ခု ဖန်းတီးဖို့ သူ့ရဲ့ မျှော်မှန်းချက်ကိုလည်း တောင်ကိုရီးယား သမ္မတက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။