0
654
အသက် ၃၁ နှစ်အတွက် ဟက်ဂ်ျကို လွှတ်ပေးရေး သူ့ဇနီး ဒန်နီလာ တေဂျာဒါက လှုပ်ရှားလှုံ့ဆော်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရယ်မီ ဟန့်ကလည်း UAE ခေါင်းဆောင်တွေနဲ့ ပုဂ္ဂိုလ်ရေးအရ ဆွေးနွေးခဲ့ပါတယ်။ ပါရဂူဘွဲ့ ကျောင်းသား ဟက်ဂ်ျဟာ ဒီနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ လန်ဒန်ကို လေကြောင်းကနေ ပြန်မှာ ဖြစ်ပါတယ်။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
သူလျှိုမှုနဲ့ ဖမ်းထားတဲ့ ဗြိတိန် ကျောင်းသားကို UAE လွှတ်ပေး
သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) က ဖမ်းဆီးပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချထားတဲ့ ဗြိတိန် ပါရဂူဘွဲ့ကျောင်းသားကို UAE သမ္မတ နာရမ်းရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ထဲကနေ ပြန်လွှတ်လိုက်ပါတယ်။
မနေ့က နိုဝင်ဘာလ ၂၆ ရက်နေ့မှာ NI 6 သူလျှိုလို့ စွပ်စွဲခံထားရတဲ့ မက်သယူး ဟက်ဂျ်ကို လွှတ်ပေးခဲ့တာဖြစ်ပြီး သူ့ကိစ္စအတွက် UAE နဲ့ မဟာမိတ် ဗြိတိန်နိုင်ငံတို့ အငြင်းပွားခဲ့ကြပါတယ်။ UAE ရဲ့ စွပ်စွဲချက်ကို မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ သူကျောင်းတက်ရာ ဒါဟမ်း တက္ကသိုလ်တို့က ငြင်းဆိုခဲ့ကြပါတယ်။
အသက် ၃၁ နှစ်အတွက် ဟက်ဂျ်ကို လွှတ်ပေးရေး သူ့ဇနီး ဒန်နီလာ တေဂျာဒါက လှုပ်ရှားလှုံ့ဆော်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရယ်မီ ဟန့်ကလည်း UAE ခေါင်းဆောင်တွေနဲ့ ပုဂ္ဂိုလ်ရေးအရ ဆွေးနွေးခဲ့ပါတယ်။ ပါရဂူဘွဲ့ ကျောင်းသား ဟက်ဂျ်ဟာ ဒီနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ လန်ဒန်ကို လေကြောင်းကနေ ပြန်မှာ ဖြစ်ပါတယ်။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)