ဗဟိုအေမရိကန္ႏုိင္ငံေတြက လူအုပ္ႀကီး မကၠဆီကို ေျမာက္ပိုင္းမွ အေမရိကန္ကို ဦးတည္လာေန

0
851

ဗဟိုအေမရိက ေရႊ႕ေျပာင္းေနထိုင္သူ လူအုပ္ႀကီးဟာ မကၠဆီကိုေျမာက္ပိုင္း ကုန္းလမ္းခရီးကေန အေမရိကန္ ျပည္ေထာင္စုကို ဆက္ၿပီး ဦးတည္လာေနၾကပါတယ္။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ႏိုင္ငံဝင္ေပါက္ေတြမွာ တားဆီးပိတ္ဆို႔ဖို႔ တပ္ဖြဲ႕ဝင္ေတြ ေစလႊတ္ဖြယ္ရွိေနပါတယ္။

လူေပါင္း ၁၆၀ ေလာက္ရွိတဲ့ လူအုပ္ႀကီးဟာ ဆင္းရဲႏြမ္းပါးမႈနဲ႔ ေဘးကင္းမလုံၿခဳံမႈတို႔ကေန လြတ္ေျမာက္ဖို႔ ေအာက္တိုဘာလ ၁၃ ရက္ေန႔မွာ ဟြန္ဒူးရက္စ္နိုင္ငံ ေျမာက္ပိုင္းမွာရွိတဲ့ ၿမိဳ႕တစ္ၿမိဳ႕ကေန ထြက္ခြာလာခဲ့ၾကပါတယ္။ တစ္ခ်ိဳ႕က ဟြန္ဒူးရက္စ္ကို ျပန္သြားၾကေပမယ့္ လူအုပ္ႀကီးမွာပါတဲ့ လူစုႀကီးကေတာ့ ဂြါတီမာလာမွာရွိတဲ့ တျခားသူေတြနဲ႔ ပူးေပါင္းခဲ့ၾကပါတယ္။

ေရႊ႕ေျပာင္းေနထိုင္သူ အမ်ားအျပားဟာ ေရကူးၿပီး နယ္စပ္တစ္ေလွ်ာက္က ျမစ္ကိုျဖတ္ကာ မကၠဆီကိုႏုိင္ငံထဲကို ဝင္ေရာက္ခဲ့ၾကပါတယ္။ အဲဒီ လူအုပ္ႀကီးဟာ အခုဆိုရင္ လူဦးေရ ၆၀၀၀ေလာက္ ရွိေနၿပီလို႔ ေဒသခံအာဏာပိုင္ ေတြက ဆိုပါတယ္။ အေမရိကန္နယ္စပ္ကေန ကီလိုမီတာ ၁၃၀၀ ေလာက္ေဝးတဲ့ မကၠဆီကို ေတာင္ပိုင္းက ပီဂ်ီဂ်ီအပန္) ၿမိဳ႕ထဲကို လူအမ်ားအျပား ေရာက္ရွိလာၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗဟိုအမေရိကန်နိုင်ငံတွေက လူအုပ်ကြီး မက္ကဆီကို မြောက်ပိုင်းမှ အမေရိကန်ကို ဦးတည်လာနေ

ဗဟိုအမေရိက ရွှေ့ပြောင်းနေထိုင်သူ လူအုပ်ကြီးဟာ မက္ကဆီကိုမြောက်ပိုင်း ကုန်းလမ်းခရီးကနေ အမေရိကန် ပြည်ထောင်စုကို ဆက်ပြီး ဦးတည်လာနေကြပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံဝင်ပေါက်တွေမှာ တားဆီးပိတ်ဆို့ဖို့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖွယ်ရှိနေပါတယ်။

လူပေါင်း ၁၆၀ လောက်ရှိတဲ့ လူအုပ်ကြီးဟာ ဆင်းရဲနွမ်းပါးမှုနဲ့ ဘေးကင်းမလုံခြုံမှုတို့ကနေ လွတ်မြောက်ဖို့ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ဟွန်ဒူးရက်စ်နိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ မြို့တစ်မြို့ကနေ ထွက်ခွာလာခဲ့ကြပါတယ်။ တစ်ချို့က ဟွန်ဒူးရက်စ်ကို ပြန်သွားကြပေမယ့် လူအုပ်ကြီးမှာပါတဲ့ လူစုကြီးကတော့ ဂွါတီမာလာမှာရှိတဲ့ တခြားသူတွေနဲ့ ပူးပေါင်းခဲ့ကြပါတယ်။

ရွှေ့ပြောင်းနေထိုင်သူ အများအပြားဟာ ရေကူးပြီး နယ်စပ်တစ်လျှောက်က မြစ်ကိုဖြတ်ကာ မက္ကဆီကိုနိုင်ငံထဲကို ဝင်ရောက်ခဲ့ကြပါတယ်။ အဲဒီ လူအုပ်ကြီးဟာ အခုဆိုရင် လူဦးရေ ၆၀ဝ၀လောက် ရှိနေပြီလို့ ဒေသခံအာဏာပိုင် တွေက ဆိုပါတယ်။ အမေရိကန်နယ်စပ်ကနေ ကီလိုမီတာ ၁၃၀ဝ လောက်ဝေးတဲ့ မက္ကဆီကို တောင်ပိုင်းက ပီဂျီဂျီအပန်) မြို့ထဲကို လူအများအပြား ရောက်ရှိလာကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)