႐ုရွားသမၼတကို အေမရိကန္ႏိုင္ငံဆီလာဖုိ႔ သမၼတ ေဒၚနယ္ထရမ့္ ဖိတ္ေခၚ

0
1519

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ဟာ ႐ုရွားသမၼတ ပူတင္ကို အေမရိကန္ႏိုင္ငံ ဝါရွင္တန္ၿမိဳ႕ဆီကို လာဖုိ႔ ဖိတ္ေခၚလုိက္ေၾကာင္း အေမရိကန္ အမ်ိဳးသားလံုၿခံဳေရးအႀကံေပး ဂၽြန္ေဘာ္တန္က ေျပာပါတယ္။

ပူတင္ဟာ အေမရိကန္သမၼတရဲ႕ ဖိတ္ေခၚခ်က္ကို လက္ခံမခံဆုိတဲ့အခ်က္ကို မသိေသးေၾကာင္း၊ လက္ခံမယ္ ဆုိရင္ လာမယ့္လမွာ အေမရိကန္ႏုိင္ငံဆီကို ႐ုရွားသမၼတ ပူတင္ ေရာက္ဖြယ္ရွိေနပါတယ္။ ႐ုရွားနဲ႔ အေမရိကန္သမၼတို႔ဟာ ႏုိင္ငံတကာထိပ္သီးအစည္းေဝးအားခ်ိန္မွာ အခ်ိန္မ်ားစြာ ေတြ႕ဆံုေဆြးေႏြးမႈရွိခဲ့သလို ဇူလုိင္လတုန္းကလည္း ထိပ္သီးေဆြးေႏြးမႈေတြ လုပ္ခဲ့ပါတယ္။

လာမယ့္လမွာလည္း ျပင္သစ္ႏုိင္ငံအတြင္း အေမရိကန္သမၼတနဲ႔ ႐ုရွားသမၼတတို႔ ေတြ႕ဆံုဖြယ္ရွိေနၿပီး ႏ်ဴကလီးယား လက္နက္ဖ်က္သိမ္းေရးအတြက္ ေဆြးေႏြးဖြယ္ရွိေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရုရှားသမ္မတကို အမေရိကန်နိုင်ငံဆီလာဖို့ သမ္မတ ဒေါ်နယ်ထရမ့် ဖိတ်ခေါ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ရုရှားသမ္မတ ပူတင်ကို အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ဆီကို လာဖို့ ဖိတ်ခေါ်လိုက်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်တန်က ပြောပါတယ်။

ပူတင်ဟာ အမေရိကန်သမ္မတရဲ့ ဖိတ်ခေါ်ချက်ကို လက်ခံမခံဆိုတဲ့အချက်ကို မသိသေးကြောင်း၊ လက်ခံမယ် ဆိုရင် လာမယ့်လမှာ အမေရိကန်နိုင်ငံဆီကို ရုရှားသမ္မတ ပူတင် ရောက်ဖွယ်ရှိနေပါတယ်။ ရုရှားနဲ့ အမေရိကန်သမ္မတို့ဟာ နိုင်ငံတကာထိပ်သီးအစည်းဝေးအားချိန်မှာ အချိန်များစွာ တွေ့ဆုံဆွေးနွေးမှုရှိခဲ့သလို ဇူလိုင်လတုန်းကလည်း ထိပ်သီးဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။

လာမယ့်လမှာလည်း ပြင်သစ်နိုင်ငံအတွင်း အမေရိကန်သမ္မတနဲ့ ရုရှားသမ္မတတို့ တွေ့ဆုံဖွယ်ရှိနေပြီး နျူကလီးယား လက်နက်ဖျက်သိမ်းရေးအတွက် ဆွေးနွေးဖွယ်ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)