ကာ့ဒ္ေဒသရဲ႕ ေဆြးေႏြးဖို႔ ကမ္းလွမ္းမႈကို အီရတ္ဝန္ႀကီးခ်ဳပ္ ပယ္ခ်

0
354

ကာ့ဒ္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသက ေဆြးေႏြးမႈေတြလုပ္ဖို႔ ကမ္းလွမ္းမႈကို အီရတ္ ဝန္ႀကီးခ်ဳပ္ ေဟဒါ အယ္လ္ အဘာဒီက ပယ္ခ်ခဲ့ပါတယ္။  

ကာ့ဒ္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသဟာ ၿပီးခဲ့တဲ့လက ခြဲထြက္ၿပီး လြတ္လပ္ေရး ရယူဖုိ႔  ဆႏၵခံယူပြဲ က်င္းပခဲ့ရာ အီရတ္ ဗဟိုအစိုးရနဲ႔ တင္းမာမႈေတြ ရွိခဲ့ပါတယ္။

အီရတ္ဝန္ႀကီးခ်ဳပ္က ကာ့ဒ္ဒသရဲ႕ ကမ္းလွမ္းေတာင္းဆုိခ်က္ကို လက္မခံဘဲ ကာ႔ဒ္ေတြဟာ ဖြဲ႔စည္းပံုအေျခခံဥပေဒကို ေလးစားရမယ္လို႔ ေျပာခဲ့ပါတတယ္။ ဒါ့အျပင္ လြတ္လပ္ေရးအတြက္ ဆႏၵမဲေပးမႈေတြဟာလည္း တရားမဝင္ဘူးလို႔ အီရတ္ ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

ကာ႔ဒ္ေဒသမွာ တုိက္ခိုက္မႈေတြ ျဖစ္ခဲ့ၿပီးေနာက္ ကာ့ဒ္ေဒသ အာဏာပိုင္ေတြက အစိုးနဲ႔ ေဆြးေႏြးဖို႔ လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ဆႏၵမဲရလဒ္ေတြကို သတ္မွတ္အတည္ျပဳေပးဖုိ႔ ေတာင္းဆုိထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကာ့ဒ်ဒေသရဲ့ ဆွေးနွေးဖို့ ကမ်းလှမ်းမှုကို အီရတ်ဝန်ကြီးချုပ် ပယ်ချ

ကာ့ဒ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက ဆွေးနွေးမှုတွေလုပ်ဖို့ ကမ်းလှမ်းမှုကို အီရတ် ဝန်ကြီးချုပ် ဟေဒါ အယ်လ် အဘာဒီက ပယ်ချခဲ့ပါတယ်။

ကာ့ဒ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဟာ ပြီးခဲ့တဲ့လက ခွဲထွက်ပြီး လွတ်လပ်ရေး ရယူဖို့ ဆန္ဒခံယူပွဲ ကျင်းပခဲ့ရာ အီရတ် ဗဟိုအစိုးရနဲ့ တင်းမာမှုတွေ ရှိခဲ့ပါတယ်။ အီရတ်ဝန်ကြီးချုပ်က ကာ့ဒ်ဒသရဲ့ ကမ်းလှမ်းတောင်းဆိုချက်ကို လက်မခံဘဲ ကာ့ဒ်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားရမယ်လို့ ပြောခဲ့ပါတတယ်။ ဒါ့အပြင် လွတ်လပ်ရေးအတွက် ဆန္ဒမဲပေးမှုတွေဟာလည်း တရားမဝင်ဘူးလို့ အီရတ် ဝန်ကြီးချုပ်က ပြောပါတယ်။

ကာ့ဒ်ဒေသမှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက် ကာ့ဒ်ဒေသ အာဏာပိုင်တွေက အစိုးနဲ့ ဆွေးနွေးဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဆန္ဒမဲရလဒ်တွေကို သတ်မှတ်အတည်ပြုပေးဖို့ တောင်းဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)