
0
337





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

THAAD ဒုံးကျည် ကာကွယ်ရေးစနစ် ဖြန့်ကြက်မှုအပေါ် နောင်တမရကြောင်း တောင်ကိုရီးယားပြော

တောင်ကိုရီးယားနိုင်ငံဟာ ဒုံးကျည်ကာကွယ်ရေးစနစ် THAAD ချထားမှုနဲ့ ပတ်သက်လို့ နောင်ရနေတာဆိုတာ မှားယွင်းတယ်လို့ တောင်ကိုရီးယား သမ္မတရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တောင်ကိုရီးယား နိုင်ငံမှာ ဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ချထားပြီးနောက် တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေး တင်းမာလာခဲ့ပြီး တရုတ်နိုင်ငံဟာ တောင်ကိုရီးယား နိုင်ငံက ပစ္စည်းတွေ တင်ပို့တာကို ပိတ်ပင်မှုပြုလုပ်ကာ တုံ့ပြန်ခဲ့ပါတယ်။

တရုတ်နိုင်ငံက ဒုံးကျည်ရေဒါတွေဟာ တရုတ်နိုင်ငံဆီကို ထိုးဖောက် ထောက်လှမ်းမှုတွေ လုပ်နိုင်တယ်လို့ စွပ်စွဲထားပြီး ဒုံးကျည်ကာကွယ်ရေးစနစ် တပ်ဆင်တာကို ကန့်ကွက်ခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ဒုံးကျည်စမ်းသပ်မှုတွေ ပြုလုပ်ပြီးနောက် တောင်ကိုရီးယားဟာ မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို ကာကွယ်ဖို့ ဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ကြက်ချထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)