
0
189




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လာဘ်စားမှုအတွက် မလေးရှားဝန်ကြီးချုပ်ဟောင်းရဲ့ ဇနီးကို ၁၃ နာရီကြာ စစ်ဆေး

မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ရဲ့ ဇနီးဖြစ်သူ ရိုစ်မာမန်ဆာကို အကျင့်ပျက် လာဘ်စားမှုတိုက်ဖျက်ရေး အေဂျင်စီက စက်တင်ဘာ ၂၆ ရက်နေ့မှာ ၁၃ နာရီကြာ စစ်မေးခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရဲ့ ဘဏ်အကောင့်ထဲ နိုင်ငံတော်ရန်ပုံငွေကနေ ငွေတွေ လွှဲခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ ဇနီးဖြစ်သူ မန်ဆာကို စစ်ဆေးမေးမြန်းတာ ဖြစ်ပါတယ်။ မလေးရှားဝန်ကြီးချုပ် နာဂျစ် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်းမှာ နိုင်ငံတော်ဖွံ့ဖြိုးရေး ရန်ပုံငွေကို အလွဲသုံးစားလုပ်မှုတွေ ရှိတယ်ဆိုတဲ့ စွဲချက်တင်ကာ စစ်ဆေးခဲ့ပါတယ်။

မလေးရှား ဝန်ကြီးချုပ်ဟောင်းရဲ့ အိမ်ကို စီးနင်းရှာဖွေတဲ့အပြင် ပိုင်ဆိုင်မှုတွေ သိမ်းဆည်းခဲ့ပါတယ်။ မလေးရှား ဝန်ကြီးချုပ်ကတော့ သူ့အနေနဲ့ အမှားအယွင်း တစ်စုံတရာ မလုပ်ခဲ့ဘူးလို့ ငြင်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)