အီရန္ကို ပိတ္ဆုိ႔မႈလုပ္တာ ေထာက္ခံမႈရဖုိ႔ သမၼတထရမ့္ ႀကိဳးပမ္း

0
157

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ဟာ အီရန္ႏိုင္ငံကို ပိတ္ဆုိ႔မႈေတြ လုပ္ေဆာင္ႏိုင္ဖုိ႔ နယူးေယာက္ၿမိဳ႕မွာ က်င္းပေနတဲ့ ကုလသမဂၢအေထြေထြညီလာခံမွာ ႀကိဳးပမ္းခဲ့ၿပီး အီရန္ကို ႏ်ဴကလီးယားဗံုး မပိုင္ဆိုင္ႏိုင္ေအာင္ လုပ္ေဆာင္ဖုိ႔ လံုၿခံဳေရးေကာင္စီ အဖြဲ႔ဝင္ေတြကို တုိက္တြန္းခဲ့ပါတယ္။

ဒါ့အျပင္ အေမရိကန္ရဲ႕ ပိတ္ဆုိ႔မႈကို လိုက္နာဖို႔ ပ်က္ကြက္သူေတြဟာ ဆုိးရြားတဲ့ အက်ိဳးဆက္ေတြနဲ႔ ရင္ဆုိင္ရမယ္လုိ႔ သမၼတ ထရမ့္က ေျပာပါတယ္။ အေမရိကန္ဟာ အီရန္နဲ႔ ခ်ဳပ္ဆုိထားတဲ့ ႏ်ဴကလီးယား စာခ်ဳပ္ကို ဖ်က္သိမ္းလုိက္ၿပီးေနာက္ အီရန္အေပၚ ပိတ္ဆို႔အေရးယူမႈ ျပန္လုပ္ခဲ့ပါတယ္။

အီရန္ကေတာ့ သမၼတ ထရမ့္ဟာ လံုၿခံဳေရးေကာင္စီကို ၿခိမ္းေျခာက္ အႏုိင္က်င့္ေနတယ္လို႔ စြပ္စြဲခဲ့ပါတယ္။ အီရန္က ႏ်ဴကလီးယားလက္နက္ တည္ေဆာက္ဖုိ႔ လုပ္ေဆာင္တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြကို ျငင္းဆန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အီရန်ကို ပိတ်ဆို့မှုလုပ်တာ ထောက်ခံမှုရဖို့ သမ္မတထရမ့် ကြိုးပမ်း

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်နိုင်ငံကို ပိတ်ဆို့မှုတွေ လုပ်ဆောင်နိုင်ဖို့ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကြိုးပမ်းခဲ့ပြီး အီရန်ကို နျူကလီးယားဗုံး မပိုင်ဆိုင်နိုင်အောင် လုပ်ဆောင်ဖို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေကို တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်ရဲ့ ပိတ်ဆို့မှုကို လိုက်နာဖို့ ပျက်ကွက်သူတွေဟာ ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ သမ္မတထရမ့်က ပြောပါတယ်။ အမေရိကန်ဟာ အီရန်နဲ့ ချုပ်ဆိုထားတဲ့ နျူကလီးယားစာချုပ်ကို ဖျက်သိမ်းလိုက်ပြီးနောက် အီရန်အပေါ် ပိတ်ဆို့အရေးယူမှု ပြန်လုပ်ခဲ့ပါတယ်။

အီရန်ကတော့ သမ္မတထရမ့်ဟာ လုံခြုံရေးကောင်စီကို ခြိမ်းခြောက် အနိုင်ကျင့်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ အီရန်က နျူကလီးယားလက်နက် တည်ဆောက်ဖို့ လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)