
0
1471




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကျောင်းသား ၉ ဦး သတ်ခဲ့သူကို တရုတ် တရားရုံး ကွပ်မျက်

တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ ဧပြီလက ရှာအန်ရှီဒေသရှိ အလယ်တန်းကျောင်းမှာ ဓားနဲ့ လူပေါင်း ၁၁ ဦးကို ဒဏ်ရစေကာ ၉ ဦးကို သတ်ခဲ့တဲ့ သူတစ်ဦးကို ကွပ်မျက်လိုက်ပါတယ်။

ဇောင် ဇီဝေကို ပြီးခဲ့တဲ့ ဇူလိုင်လတည်းက သေဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့မှာ ကျောင်းသား ၁၉ ဦးကို တိုက်ခိုက်မှုအတွက် လူသတ်မှုအပါအဝင် တခြားပြစ်မှုတွေနဲ့ စွဲချက်တင်ခဲ့ပါတယ်။

တရုတ် တရုံးချုပ်ရဲ့ ခွင်ပြုချက်ကို ရရှိခဲ့ပြီးနောက် စက်တင်ဘာ ၂၇ ရက်နေ့မှာ ကွပ်မျက်ခဲ့တာ ဖြစ်တယ်လို့ အောက်တရားရုံးဖြစ်တဲ့ ယူလင်မြို့ တရားရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)