ပီရူးမွာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁ ေထာင္ေက်ာ္က အုတ္ဂူ ၂ ခုနဲ႔  လူအရိုးစု ၉ ခုေတြ႔

0
446

ပီရူးႏုိင္ငံ၊ အေနာက္ေျမာက္ပုိ္င္းမွာ  လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁၀၀၀ ေက်ာ္ကလို႔ ယူဆရတဲ့  ယဇ္ပူေဇာ္ခံရၿပီး ေသဆံုးခဲ့တဲ့ လူ အရိုးစု ၉ ခုနဲ႔   အုတ္ဂူ ၂ ခုကုိ ေတြ႔ရွိခဲ့ၾကတယ္လိုု႔ ေရွးေဟာင္း သုေတသန ပညာရွင္ေတြက ေျပာပါ တယ္။

အဲ့ဒီအရိုးစုေတြကုိ လီမာၿမိဳ႕ရဲ႕ ေျမာက္ဘက္   ၄၃၅ မိုင္အကြာ လမ္ေဗ်ယက္ ကမ္းရိုးတန္းရိွ သမိုင္း၀င္ ပိုမက္ သစ္ေတာႀကိဳးဝိုင္းအတြင္း ရွာေဖြေတြ႔ရွိခဲ့တာပါ။ ယဇ္ပူေဇာ္ခံရၿပီး  ေသဆံုးေနတဲ့ လူအရိုးစု ၉ ခုလံုးဟာ အသက္ ၂၅ ကေန ၃၀ အတြင္းရွိၿပီး  ဂ်ပန္နဲ႔ ပီရူးလူမ်ိဳး ေရွးဟာင္းသုေတသနပညာရွင္ေတြက ေတြ႔ရွိခဲ့တာျဖစ္ပါတယ္။

စီကန္ေခတ္ အုတ္ဂူ ၂ ခုလံုးမွာ ေၾကြထည္ေတြနဲ႔ အခမ္းအနားသံုး ဓားေတြကိုလည္း ေတြ႔ရွိခဲ့ၾကပါတယ္။ စီကန္ေခတ္ လူေတြဟာ ကုန္သည္ေတြျဖစ္ၿပီး သတၱဳနဲ႔ ေၾကြထည္ေတြ ျပဳလုပ္ရာမွာ လက္ရာေျမာက္သူေတြ ျဖစ္ပါတယ္။ ၁၆ ရာစုမွာ စပိန္က်ဴးေက်ာ္သူေတြ ေရာက္လာၿပီးေနာက္ပိုင္း လူသတ္ၿပီးျမွဳပ္တဲ့ အေလ့အထကို တားျမစ္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပီရူးမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ ထောင်ကျော်က အုတ်ဂူ ၂ ခုနဲ့ လူအရိုးစု ၉ ခုတွေ့

ပီရူးနိုင်ငံ၊ အနောက်မြောက်ပိ်ုင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀ဝ၀ ကျော်ကလို့ ယူဆရတဲ့ ယဇ်ပူဇော်ခံရပြီး သေဆုံးခဲ့တဲ့ လူ အရိုးစု ၉ ခုနဲ့ အုတ်ဂူ ၂ ခုကို တွေ့ရှိခဲ့ကြတယ်လို့ ရှေးဟောင်း သုတေသန ပညာရှင်တွေက ပြောပါ တယ်။

အဲ့ဒီအရိုးစုတွေကို လီမာမြို့ရဲ့ မြောက်ဘက် ၄၃၅ မိုင်အကွာ လမ်ဗျေယက် ကမ်းရိုးတန်းရှိ သမိုင်းဝင် ပိုမက် သစ်တောကြိုးဝိုင်းအတွင်း ရှာဖွေတွေ့ရှိခဲ့တာပါ။ ယဇ်ပူဇော်ခံရပြီး သေဆုံးနေတဲ့ လူအရိုးစု ၉ ခုလုံးဟာ အသက် ၂၅ ကနေ ၃၀ အတွင်းရှိပြီး ဂျပန်နဲ့ ပီရူးလူမျိုး ရှေးဟာင်းသုတေသနပညာရှင်တွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။

စီကန်ခေတ် အုတ်ဂူ ၂ ခုလုံးမှာ ကြွေထည်တွေနဲ့ အခမ်းအနားသုံး ဓားတွေကိုလည်း တွေ့ရှိခဲ့ကြပါတယ်။ စီကန်ခေတ် လူတွေဟာ ကုန်သည်တွေဖြစ်ပြီး သတ္တုနဲ့ ကြွေထည်တွေ ပြုလုပ်ရာမှာ လက်ရာမြောက်သူတွေ ဖြစ်ပါတယ်။ ၁၆ ရာစုမှာ စပိန်ကျူးကျော်သူတွေ ရောက်လာပြီးနောက်ပိုင်း လူသတ်ပြီးမြှုပ်တဲ့ အလေ့အထကို တားမြစ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)