မီးေတာင္ ေပါက္ကြဲမယ့္ အႏၱရာယ္ေၾကာင့္ ဘာလီကြ်န္းသား ၈ ေသာင္းေက်ာ္ ေျပာင္းေရႊ႕ရ

0
349

အင္ဒိုနီးရွားႏိုင္ငံ၊ ဘာလီကြ်န္းမွာ အျမင့္ဆံုးျဖစ္တဲ့ အာဂန္ မီးေတာင္ဟာ လႈပ္ရွားၿပီး မီးခိုးအျဖဴေတြ ထြက္လာကာ မီးေတာင္   ေပါက္ကြဲမယ့္ လကၡဏာ ရွိတာေၾကာင့္ ဘာလီကြ်န္းေပၚမွာ ေနထိုင္သူ ၈ ေသာင္း ၁ ေထာင္ေက်ာ္ကို အေရးေပၚ ေျပာင္းေရႊ႕ေပးထားရပါတယ္။

မီးေတာင္ဝန္းက်င္ ၁၂ ကီလိုမီတာကို မသြားလာရနယ္ေျမအျဖစ္ အင္ဒိုနီးရွား အာဏာပိုင္ေတြက သတ္မွတ္ထားပါတယ္။ အင္ဒိုနီးရွား သမၼတ ဂ်ိဳကို ဝီဒိုဒိုက ေရႊ႕ေျပာင္းရသူေတြဆီ သြားေရာက္ၿပီး လိုအပ္တာေတြအတြက္ အေမရိကန္ ေဒၚလာ ၅ သိန္း ၃ ေသာင္း ကူညီေထာက္ပံ့ခဲ့ပါတယ္။

အာဂန္ မီးေတာင္ ၁၉၆၃ ခုႏွစ္မွာ ေနာက္ဆံုးေပါက္ကြဲခဲ့တုန္းက လူေပါင္း ၁ ေထာင္ ေသဆံုးၿပီး လူေနအိမ္ေျခ အမ်ားအျပား ပ်က္စီးခဲ့ဖူးပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မီးတောင် ပေါက်ကွဲမယ့် အန္တရာယ်ကြောင့် ဘာလီကျွန်းသား ၈ သောင်းကျော် ပြောင်းရွှေ့ရ

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ အမြင့်ဆုံးဖြစ်တဲ့ အာဂန် မီးတောင်ဟာ လှုပ်ရှားပြီး မီးခိုးအဖြူတွေ ထွက်လာကာ မီးတောင် ပေါက်ကွဲမယ့် လက္ခဏာ ရှိတာကြောင့် ဘာလီကျွန်းပေါ်မှာ နေထိုင်သူ ၈ သောင်း ၁ ထောင်ကျော်ကို အရေးပေါ် ပြောင်းရွှေ့ပေးထားရပါတယ်။

မီးတောင်ဝန်းကျင် ၁၂ ကီလိုမီတာကို မသွားလာရနယ်မြေအဖြစ် အင်ဒိုနီးရှား အာဏာပိုင်တွေက သတ်မှတ်ထားပါတယ်။ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက ရွှေ့ပြောင်းရသူတွေဆီ သွားရောက်ပြီး လိုအပ်တာတွေအတွက် အမေရိကန် ဒေါ်လာ ၅ သိန်း ၃ သောင်း ကူညီထောက်ပံ့ခဲ့ပါတယ်။

အာဂန် မီးတောင် ၁၉၆၃ ခုနှစ်မှာ နောက်ဆုံးပေါက်ကွဲခဲ့တုန်းက လူပေါင်း ၁ ထောင် သေဆုံးပြီး လူနေအိမ်ခြေ အများအပြား ပျက်စီးခဲ့ဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)