
0
275




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆော်ဒီ အာရေဗျမှာ အမျိုးသမီးတွေကို ကားမောင်းခွင့် ပြုတော့မယ်

အမျိုးသမီးတွေကို ကားမောင်းခွင့် ပြုတော့မယ်လို့ ဆော်ဒီအာရေဗျ အစိုးရက ကြေညာလိုက်ပြီး လာမယ့် နွေရာသီမှာ ကားမောင်းလိုင်စင်တွေ ထုတ်ပေးမှာ ဖြစ်ပါတယ်။

ဆော်ဒီအာရေဗျမှာ အမျိုးသမီးတွေကို ကားမောင်းခွင့်ပိတ်ပင်ထားတာ ကြာပြီဖြစ်ပြီး ဝေဖန်ခံရမှုတွေလည်း ရှိပါတယ်။ အမျိုးသမီးတွေကို ကားမောင်းခွင့်ပြုဖို့ ဆော်ဒီ တော်ဝင်မိသားစု၊ ဝန်ကြီးဌာနတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေကြား ဆွေးနွေးခဲ့ကြရပါတယ်။

အမျိုးသမီးတွေကို ကားမောင်းခွင့်ပေးမယ့် စည်းမျဉ်းစည်းကမ်း အသေးစိတ်ကိုတော့ မသိရသေးဘဲ လာမယ့် ရက် ၃၀ အတွင်း အဆင့်မြင့် ကော်မတီတစ်ခုကနေ ထုတ်ပြန်ပေးမယ်လို့ ဆော်ဒီအာရေဗျ အစိုးရပိုင် အယ်လ် အာရေဘီးယား သတင်းဌာနက ကြေညာပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)