
0
291




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖိလစ်ပိုင် သမ္မတ ဒူတာတေး အမေရိကန်ရဲ့ အကူညီ ယူလို

ဖိလစ်ပိုင် သမ္မတ ဒူတာတေးဟာ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေကို ထိန်းချုပ်နိုင်ဖို့ အမေရိကန်နိုင်ငံဆီက အကူညီတွေရလိုနေပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးမှောင်ခိုမှုတွေနဲ့ ပတ်သက်ပြီး ထိုင်ဝမ် နဲ့ ဟောင်ကောင် အခြေစိုက် ရာဇဝတ်ဂိုဏ်းတွေကို သမ္မတ ဒူတာတေးက ပြစ်တင်ပြောဆိုလိုက်ပါတယ်။ တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေ က ရတဲ့ငွေတွေဟာ အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာရာဝီမြို့ကို သိမ်းပိုက်နိုင်ဖို့ အထောက်ပံ့ဖြစ်နေတယ်လို့ သမ္မတ ဒူတာတေးကပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ လက်ရှိမှာ အမေရိကဆီ မှောင်ခိုမူးယစ်ဆေးဝါးတွေ တင်ပို့နိုင်ဖို့ အဓိက သင်္ဘောလမ်းကြောင်းနေရာ ဖြစ်တယ်လို့ သမ္မတ ဒူတာတေးကပြောပါတယ်။ မူးယစ်ဆေးဝါး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အမေရိကန် နိုင်ငံရဲ့ အကူညီတွေ လိုအပ်နေတယ်လို့လည်း ဖိလစ်ပိုင် သမ္မတ ကပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)