
0
226

 




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယား စစ်ပြင်နေ
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက် တွစ်တာမှာ စစ်ကြေညာပြီးတဲ့နောက် မြောက်ကိုရီးယားဟာ အရှေ့ဘက် ကမ်းခြေမှာ စစ်အင်အားတွေ ခင်းကျင်းနေတယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကိုရီးယားကျွန်းဆွယ်အနီး အမေရိကန် ဗုံးကြဲလေယာဉ်တွေ ချဉ်းကပ်လာပြီးနောက် မြောက်ကိုရီးယား အရှေ့ဘက် ကမ်းခြေမှာ တိုက်လေယာဉ်တွေ၊ စစ်တပ်တွေ တိုးချဲ့ ချထားနေတာ ဖြစ်တယ်လို့ ယွန်ဟတ် သတင်းဌာနက ဖော်ပြပါတယ်။

နယူးယောက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အမေရိကန်ကို ဖြစ်စေ၊ မဟာမိတ်တွေကို ဖြစ်စေ တိုက်ခိုက်လာရင် မြောက်ကိုရီးယားကို အလုံးစုံ ခြေမှုန်းမယ်လို့ သမ္မတ ထရမ့်က ခြိမ်းခြောက်ပြီးနောက် အခုလို စစ်ရေးတင်းမာမှုတွေ ရှိလာတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)