COVID-19 ကပ်ရောဂါ ဖြစ်ပွားနေတဲ့ ကာလအတွင်း စာသင်ကျောင်းတွေ ပိတ်ထားရစဉ်မှာ ကမ္ဘာတစ်ဝန်းက ကျောင်းသားကလေးငယ် သုံးပုံ တစ်ပုံဟာ အချိန်၊ နေရာတွေ မလိုဘဲ အိုင်တီနည်းပညာ အသုံးပြု သင်ကြားနိုင်တဲ့ virtual ပညာရေးကို မရရှိနိုင်ဘူးလို့ ကုလသမဂ္ဂရဲ့ သြဂုတ်လ ၂၆ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဝေးသင်အဖြစ် အိုင်တီအသုံးပြု သင်ကြားပေးဖို့ ပစ္စည်းကိရိယာတွေ မရှိတာကြောင့် ကမ္ဘာမှာ ကျောင်းသားကလေးငယ် ၄၆၃ သန်းဟာ virtual ပညာရေးကို ထိတွေ့ခွင့်မရတာ ဖြစ်တယ်လို့ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို virtual ပညာရေးကို မရရှိနိုင်လို့ ပညာရေးရပ်တန့်နေတာ လပေါင်းများစွာ ကြာပြီဖြစ်တဲ့ ကလေးငယ် အရေအတွက်ဟာ ကမ္ဘာ့ပညာရေး အရေးပေါ်လိုအပ်ချက်တစ်ခု ဖြစ်တယ်လို့ ယူနီဆက်ဖ် အမှုဆောင် ဒါရိုက်တာ ဟင်နရီတာ ဖောက ပြောပါတယ်။
ဒီဂယက်ဟာ လာမယ့် ဆယ်စုနှစ်တွေအတွင်း စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းမှာ ထိခိုက်ခံစားရလိမ့်မယ်လို့လည်း သူက ပြောပါတယ်။
ကမ္ဘာတစ်ဝန်းမှာ ကပ်ရောဂါကြောင့် ကလေးငယ် ၁ ဒသမ ၅ ဘီလီယံဟာ lockdown ချမှု၊ စာသင်ကျောင်းတွေ ပိတ်ထားမှုကို ကြုံနေရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
အခု ယူနီဆကဖြရြဲ့ အစီရငခြံစာက ကလေးငယတြှေ နညြးပညာအသုံးပှု အဝေးသငပြညာရေးမှာ ပထဝီဆိုငရြာ ကှဲပှားမှု ကှာဟခကွကြို ဖောပြှနပှေီး သကရြောကမြှုဟာ ဥရောပမှာ နညြးပမယေ့ြ အာဖရိကနဲ့ အာရှလို ဒသတှေမှောတော့ သကရြောကမြှု ဆိုးရှားနတောကို ပှနပေါတယြ။
_____________________

_____________________
ကမ်ဘာတဈဝနျး ကလေးငယျ ၄၆၃ သနျး virtual ပညာရေး မရရှိနိုငျကွောငျး ကုလ ပွော
COVID-19 ကပ်ရောဂါ ဖြစ်ပွားနေတဲ့ ကာလအတွင်း စာသင်ကျောင်းတွေ ပိတ်ထားရစဉ်မှာ ကမ္ဘာတစ်ဝန်းက ကျောင်းသားကလေးငယ် သုံးပုံ တစ်ပုံဟာ အချိန်၊ နေရာတွေ မလိုဘဲ အိုင်တီနည်းပညာ အသုံးပြု သင်ကြားနိုင်တဲ့ virtual ပညာရေးကို မရရှိနိုင်ဘူးလို့ ကုလသမဂ္ဂရဲ့ သြဂုတ်လ ၂၆ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဝေးသင်အဖြစ် အိုင်တီအသုံးပြု သင်ကြားပေးဖို့ ပစ္စည်းကိရိယာတွေ မရှိတာကြောင့် ကမ္ဘာမှာ ကျောင်းသားကလေးငယ် ၄၆၃ သန်းဟာ virtual ပညာရေးကို ထိတွေ့ခွင့်မရတာ ဖြစ်တယ်လို့ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို virtual ပညာရေးကို မရရှိနိုင်လို့ ပညာရေးရပ်တန့်နေတာ လပေါင်းများစွာ ကြာပြီဖြစ်တဲ့ ကလေးငယ် အရေအတွက်ဟာ ကမ္ဘာ့ပညာရေး အရေးပေါ်လိုအပ်ချက်တစ်ခု ဖြစ်တယ်လို့ ယူနီဆက်ဖ် အမှုဆောင် ဒါရိုက်တာ ဟင်နရီတာ ဖောက ပြောပါတယ်။
ဒီဂယက်ဟာ လာမယ့် ဆယ်စုနှစ်တွေအတွင်း စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းမှာ ထိခိုက်ခံစားရလိမ့်မယ်လို့လည်း သူက ပြောပါတယ်။
ကမ္ဘာတစ်ဝန်းမှာ ကပ်ရောဂါကြောင့် ကလေးငယ် ၁ ဒသမ ၅ ဘီလီယံဟာ lockdown ချမှု၊ စာသင်ကျောင်းတွေ ပိတ်ထားမှုကို ကြုံနေရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
အခု ယူနီဆက်ဖ်ရဲ့ အစီရင်ခံစာက ကလေးငယ်တွေ နည်းပညာအသုံးပြု အဝေးသင်ပညာရေးမှာ ပထဝီဆိုင်ရာ ကွဲပြားမှု ကွာဟချက်ကို ဖော်ပြနေပြီး သက်ရောက်မှုဟာ ဥရောပမှာ နည်းပေမယ့် အာဖရိကနဲ့ အာရှလို ဒေသတွေမှာတော့ သက်ရောက်မှု ဆိုးရွားနေတာကို ပြနေပါတယ်။