ကနေဒါမှာ လူမည်းအမျိုးသမီး သေဆုံးမှု ရဲခြောက်ဦး အပြစ်မရှိကြောင်း ဆုံးဖြတ်

0
565

ကနေဒါနိုင်ငံ၊ တွန်ရွန်တိုမြို့မှာ ရဲတွေက လာရောက်စဉ် လူမည်းအမျိုးသမီးငယ်တစ်ဦး တိုက် ၂၄ ထပ်ပေါ်ကနေ ပြုတ်ကျသေဆုံးမှုမှာ ရဲခြောက်ဦး အပြစ်မရှိဘူးလို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က သြဂုတ်လ ၂၆ ရက်နေ့မှာ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့မှာ နေအိမ်တိုက်ခန်းပေါ်က ရက်ဂျစ် ကော်ချင်စကီ-ပါကက် (၂၉ နှစ်) သေဆုံးမှုနဲ့ ပတ်သက်လို့ အခုလို ဆုံးဖြတ်ချက်အပေါ် ရက်ဂျစ်ရဲ့ မိသားစုဝင်တွေက ဒေါသထွက်နေကြပါတယ်။

မိသားစုအတွင်း အချင်းများတာနဲ့ ပတ်သက်ပြီး မိခင်ဖြစ်သူက ရဲကို ခေါ်ခဲ့တာဖြစ်ပြီး ဝက်ရူးပြန်ရောဂါအခံရှိတဲ့ ရက်ဂျစ် ပြုတ်ကျသေဆုံးမှု ဖြစ်ခဲ့တာပါ။ တိုရွန်တိုရဲတွေ ရောက်ချိန်မှာ လူမည်းအမျိုးသမီး ပြုတ်ကျသေဆုံးမှုနဲ့ ပတ်သက်ပြီး ရဲခြောက်ဦးကို အထူး စုံစမ်းစစ်ဆေးရေး ယူနစ် (SIU) ဖွဲ့ကာ စစ်ဆေးခဲ့တာပါ။

သက်သေအထောက်အထားတွေကို သုံသပ်ပြီးနောက် SIU ရဲ့ ဒါရိုက်တာ ဂျိုးဇက် မာတီနိုက ရဲတွေဟာ အခုအခင်းဖြစ်ပွားမှုမှာ ပတ်သက်နေခြင်း မရှိဘူးလို့ ကောက်ချက်ချခဲ့ကြောင်း SIU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

SIU ဟာ ရဲအရာရှိတွေနဲ့ ပတ်သက်ပြီး သေဆုံးမှု၊ ပြင်းဒဏ်စွာ ထိခိုက်ဒဏ်ရာရမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ တာဝန်ယူထားတဲ့ လွတ်လပ်တဲ့အဖွဲ့ ဖြစ်ပါတယ်။

____________________

____________________

ကနဒေါမှာ လူမညျးအမြိုးသမီး သဆေုံးမှု ရဲခွောကျဦး အပွဈမရှိကွောငျး ဆုံးဖွတျ

ကနေဒါနိုင်ငံ၊ တွန်ရွန်တိုမြို့မှာ ရဲတွေက လာရောက်စဉ် လူမည်းအမျိုးသမီးငယ်တစ်ဦး တိုက် ၂၄ ထပ်ပေါ်ကနေ ပြုတ်ကျသေဆုံးမှုမှာ ရဲခြောက်ဦး အပြစ်မရှိဘူးလို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က သြဂုတ်လ ၂၆ ရက်နေ့မှာ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့မှာ နေအိမ်တိုက်ခန်းပေါ်က ရက်ဂျစ် ကော်ချင်စကီ-ပါကက် (၂၉ နှစ်) သေဆုံးမှုနဲ့ ပတ်သက်လို့ အခုလို ဆုံးဖြတ်ချက်အပေါ် ရက်ဂျစ်ရဲ့ မိသားစုဝင်တွေက ဒေါသထွက်နေကြပါတယ်။

မိသားစုအတွင်း အချင်းများတာနဲ့ ပတ်သက်ပြီး မိခင်ဖြစ်သူက ရဲကို ခေါ်ခဲ့တာဖြစ်ပြီး ဝက်ရူးပြန်ရောဂါအခံရှိတဲ့ ရက်ဂျစ် ပြုတ်ကျသေဆုံးမှု ဖြစ်ခဲ့တာပါ။ တိုရွန်တိုရဲတွေ ရောက်ချိန်မှာ လူမည်းအမျိုးသမီး ပြုတ်ကျသေဆုံးမှုနဲ့ ပတ်သက်ပြီး ရဲခြောက်ဦးကို အထူး စုံစမ်းစစ်ဆေးရေး ယူနစ် (SIU) ဖွဲ့ကာ စစ်ဆေးခဲ့တာပါ။

သက်သေအထောက်အထားတွေကို သုံသပ်ပြီးနောက် SIU ရဲ့ ဒါရိုက်တာ ဂျိုးဇက် မာတီနိုက ရဲတွေဟာ အခုအခင်းဖြစ်ပွားမှုမှာ ပတ်သက်နေခြင်း မရှိဘူးလို့ ကောက်ချက်ချခဲ့ကြောင်း SIU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

SIU ဟာ ရဲအရာရှိတွေနဲ့ ပတ်သက်ပြီး သေဆုံးမှု၊ ပြင်းဒဏ်စွာ ထိခိုက်ဒဏ်ရာရမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ တာဝန်ယူထားတဲ့ လွတ်လပ်တဲ့အဖွဲ့ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)