တိုင်ဖွန်းမုန်တိုင်း ကုန်တွင်းပိုင်း ဝင်လာလို့ မြောက်ကိုရီးယားမှာ အမြင့်ဆုံး တပ်လှန့်

0
522

တောင်ကိုရီးယားနိုင်ငံမှာ မိုးသည်းထန်ပြီး သစ်ပင်တွေ အမြစ်က ကျွတ်ထွက်ကာ ထိခိုက်ပျက်စီးစေခဲ့တဲ့ တိုက်ဖွန်းမုန်တိုင်းဟာ မြောက်ကိုရီယား ကုန်းတွင်းပိုင်းကို ဒီနေ့သြဂုတ်လ ၂၇ ရက်နေ့ အစောပိုင်းက ကုန်းတွင်းပိုင်း ဝင်လာလို့ အမြင့်ဆုံး တပ်လှန့်ထားပါတယ်။

သစ်ပင်တွေ လဲကျတာ၊ အဆောက်အအုံ ပြိုကျတာတွေက လမ်းတွေပေါ် ရောက်နေတာတွေကို မြောက်ကိုရီးယား အစိုးရရုပ်သံ KCTV က မနေ့ညမှာ ထုတ်လွှင့်သွားခဲ့ပါတယ်။ ဒီလအစောပိုင်းက မြောက်ကိုရီးယားမှာ မိုးသည်းထန်မှုတွေကြောင့် ရေကြီးပြီး စိုက်ပျိုးသီးနှံတွေ ပျက်စီးခဲ့ပါသေးတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး လုပ်နေတဲ့ မြောက်ကိုရီးယားမှာ ခေါင်းဆောင် ကင်မ် ဂျုံအွန်က စိုက်ပျိုးသီးနှံတွေ နောက်ထပ် ပျက်စီးမှုက ကွယ်နိုင်ဖို့ အမြင့်ဆုံး တပ်လှန့်ကြောင်း ထုတ်ပြန်ထားပါတယ်။

မြောက်ကိုရီးယား ရုပ်သံက ပြသနေဆဲ ရုပ်ရှင်တွေကို ခေတ္တရပ်ဆိုင်းကာ မုန်တိုင်းသတင်းကို မကြာခဏ ကြေညာနေတယ်လို့ မြောက်ကိုရီးယား စောင့်ကြည့်လေ့လာရေး ဝက်ဘ်ဆိုက်ဖြစ်တဲ့ 38 North က ဖော်ပြပါတယ်။ ဒါမျိုးထုတ်လွှင့်တာကို ပထမဆုံးမြင်ဖူးတာဖြစ်ကြောင်း၊ ဒါဟာ အသက်ဆုံးရှုံးမှုတွေနဲ့ ပျက်စီးမှုတွေကို ကြောက်လန့်နေကြောင်း ရှင်းလင်းတဲ့ လက္ခဏာဖြစ်ကြောင်း ဝက်ဘ်ဆိုက် တာဝန်ရှိသူ မာတင် ဝီလျံက Twitter လူမှုမီဒီယာမှာ ရေးသားထားပါတယ်။

တိုင်ဖွန်းမုန်တိုင်းဟာ မြို့တော် ပြုံယမ်းရဲ့ အရှေ့တောင်ဘက် ၅၀ ကီလိုမီတာအကွာမှာ ဒီနေ့ မနက်ပိုင်းက ကုန်းတွင်းပိုင်းကို ဝင်ရောက်သွားတယ်လို့ တောင်ကိုရီးယား မိုးလေဝသဌာနက ပြောပါတယ်။

မြောက်ကိုရီးယားမှာ ဒီလအစောပိုင်းက မိုးသည်းထန်မှုကြောင့် နေအိမ်ရာချီ ပျက်စီးကာ ရေကြီးပြီး စိုက်ပျိုးသီးနှံတွေ ပျက်စီးလို့ စားနပ်ရိက္ခာ ပြတ်လပ်မှာကို စိုးရိမ်နေရပါတယ်။

တောငကြိုရီးယားမှာတော့ တိုငြးဖှနြးမုနတြိုငြးကှောင့ြ အပကွအြစီး နညြးပါးခဲ့ပှီး နိုငငြံတကာနဲ့ ပှညတြှငြးလကှေောငြးတှရေဲ့ ခရီးစဉတြှကေိုတော့ ဖကွသြိမြးထားရပါတယြ။

______________________

______________________


တောင်ကိုရီးယားနိုင်ငံမှာ မိုးသည်းထန်ပြီး သစ်ပင်တွေ အမြစ်က ကျွတ်ထွက်ကာ ထိခိုက်ပျက်စီးစေခဲ့တဲ့ တိုက်ဖွန်းမုန်တိုင်းဟာ မြောက်ကိုရီယား ကုန်းတွင်းပိုင်းကို ဒီနေ့သြဂုတ်လ ၂၇ ရက်နေ့ အစောပိုင်းက ကုန်းတွင်းပိုင်း ဝင်လာလို့ အမြင့်ဆုံး တပ်လှန့်ထားပါတယ်။

သစ်ပင်တွေ လဲကျတာ၊ အဆောက်အအုံ ပြိုကျတာတွေက လမ်းတွေပေါ် ရောက်နေတာတွေကို မြောက်ကိုရီးယား အစိုးရရုပ်သံ KCTV က မနေ့ညမှာ ထုတ်လွှင့်သွားခဲ့ပါတယ်။ ဒီလအစောပိုင်းက မြောက်ကိုရီးယားမှာ မိုးသည်းထန်မှုတွေကြောင့် ရေကြီးပြီး စိုက်ပျိုးသီးနှံတွေ ပျက်စီးခဲ့ပါသေးတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး လုပ်နေတဲ့ မြောက်ကိုရီးယားမှာ ခေါင်းဆောင် ကင်မ် ဂျုံအွန်က စိုက်ပျိုးသီးနှံတွေ နောက်ထပ် ပျက်စီးမှုက ကွယ်နိုင်ဖို့ အမြင့်ဆုံး တပ်လှန့်ကြောင်း ထုတ်ပြန်ထားပါတယ်။

မြောက်ကိုရီးယား ရုပ်သံက ပြသနေဆဲ ရုပ်ရှင်တွေကို ခေတ္တရပ်ဆိုင်းကာ မုန်တိုင်းသတင်းကို မကြာခဏ ကြေညာနေတယ်လို့ မြောက်ကိုရီးယား စောင့်ကြည့်လေ့လာရေး ဝက်ဘ်ဆိုက်ဖြစ်တဲ့ 38 North က ဖော်ပြပါတယ်။ ဒါမျိုးထုတ်လွှင့်တာကို ပထမဆုံးမြင်ဖူးတာဖြစ်ကြောင်း၊ ဒါဟာ အသက်ဆုံးရှုံးမှုတွေနဲ့ ပျက်စီးမှုတွေကို ကြောက်လန့်နေကြောင်း ရှင်းလင်းတဲ့ လက္ခဏာဖြစ်ကြောင်း ဝက်ဘ်ဆိုက် တာဝန်ရှိသူ မာတင် ဝီလျံက Twitter လူမှုမီဒီယာမှာ ရေးသားထားပါတယ်။

တိုင်ဖွန်းမုန်တိုင်းဟာ မြို့တော် ပြုံယမ်းရဲ့ အရှေ့တောင်ဘက် ၅၀ ကီလိုမီတာအကွာမှာ ဒီနေ့ မနက်ပိုင်းက ကုန်းတွင်းပိုင်းကို ဝင်ရောက်သွားတယ်လို့ တောင်ကိုရီးယား မိုးလေဝသဌာနက ပြောပါတယ်။

မြောက်ကိုရီးယားမှာ ဒီလအစောပိုင်းက မိုးသည်းထန်မှုကြောင့် နေအိမ်ရာချီ ပျက်စီးကာ ရေကြီးပြီး စိုက်ပျိုးသီးနှံတွေ ပျက်စီးလို့ စားနပ်ရိက္ခာ ပြတ်လပ်မှာကို စိုးရိမ်နေရပါတယ်။

တောင်ကိုရီးယားမှာတော့ တိုင်းဖွန်းမုန်တိုင်းကြောင့် အပျက်အစီး နည်းပါးခဲ့ပြီး နိုင်ငံတကာနဲ့ ပြည်တွင်းလေကြောင်းတွေရဲ့ ခရီးစဉ်တွေကိုတော့ ဖျက်သိမ်းထားရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)