အင္ဒိုနီး႐ွားရဲ႕ ၿမဳိ႕ေတာ္ကို ေဘာ္နီ႐ိုကၽြန္းေပၚ ေျပာင္းမယ္

0
128

အင္ဒိုနီး႐ွားသမၼတ ဂ်ိဳကို ဝီဒိုဒိုဟာ ႏုိင္ငံရဲ႕ ၿမိဳ႕ေတာ္ကို လူဦးေရထူထပ္ၿပီး ပင္လယ္ထဲကို တျဖည္းျဖည္း နစ္ျမဳပ္လာတဲ့ ဂ်ကာတာ ကေန ေဘာနီ႐ို ကၽြန္းေပၚကိုေျပာင္းမယ္လို႔ မနေ႔က ေၾကညာခဲ့ပါတယ္။ 

ေဘာ္နီ႐ိုကၽြန္းေပၚက ကာလီမန္တန္ျပည္နယ္ရဲ႕ အေ႐ွ႕ပိုင္းကို ေျပာင္းေ႐ႊ႕မွာလည္းျဖစ္ပါတယ္။ ေဘာ္နီ႐ိုကၽြန္းဟာ ထူထပ္တဲ့ မိုးသစ္ေတာနဲ႔ ေအာ္ရန္ဂူတန္ ေမ်ာက္ဝံမ်ိဳးစိတ္ေတြေၾကာင့္ လူသိမ်ားတာပါ။ ဝီဒိုဒို ဟာ အခုလိုၿမိဳ႕ေတာ္ ေျပာင္းေ႐ႊဖို႔ အတြက္ ၿပီးခဲ့တဲ့ သံုးႏွစ္လံုး သင့္ေတာ္တဲ့ေနရာကို ေ႐ြးေနတာျဖစ္ၿပီး ေနာက္ဆံုး ရလဒ္အေနနဲ႔ ေဘာ္နီ႐ိုကၽြန္းကို ေရြးခ်ယ္ခဲ့တာလို႔ေျပာပါတယ္။ အခုၿမိဳ႕ေတာ္အသစ္ကုိ နာမည္မေပးရ ရေသးေပမယ့္ က်ယ္ျပန္႔တဲ့ ကၽြန္းစု ႏိုင္ငံရဲက အလည္မွာ တည္ထားမွာ ျဖစ္ၿပီး ၿမိဳ႕ေတာ္တစ္ခုအတြက္ လိုအပ္တဲ့ အေဆာက္အဆံု ေတြနဲ႔ အခင္းအက်င္းေတြ ပါ႐ွိမွာ ျဖစ္တယ္လို႔လည္း သမၼတ ဝီဒိုဒိုက ေျပာပါတယ္။

ၿမိဳ႕ေတာ္သစ္ဟာ ဆိပ္ကမ္းၿမိဳ႕ျဖစ္တဲ့ ဘားလစ္ပါပန္ နဲ႔ ကာလီမန္တန္ ျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ ဆမာရင္ဒါ တို႔ၾကားမွာ တည္႐ွိမွာပါ။ သမၼတ ဝီဒိုဒို က ၿမိဳ႕ေတာ္သစ္ကို ၿမိဳ႕ေတာ္ ဂ်ကာတာ ႐ွိတဲ့ ဂ်ာဗား ကၽြန္းေပၚမွာပဲ ေ႐ြ႕လို႔ရေပမယ့္ တစ္ႏိုင္ငံလံုးရဲ႕ စီးပြားေရးေတြနဲ႔ လူဦးေရ ထူထပ္မႈေတြကို တစ္ေနရာတည္းမွာပဲ စုမေနေစခ်င္လို႔ ေဘာ္နီ႐ိုကၽြန္းကို ေ႐ႊ႕တာျဖစ္ေၾကာင္း ေျပာပါတယ္။ အခုလက္႐ွိ ဂ်ာဗားကၽြန္းေပၚမွာ ႏိုင္ငံလူဦးေရရဲ႕ ၅၄ ရာခုိင္ႏႈန္း၊ သန္း ၂၇၀ နီးပါးေလာက္ ေနထုိင္ေနတာျဖစ္ပါတယ္။

အင်ဒိုနီးရှားရဲ့ မြို့တော်ကို ဘော်နီရိုကျွန်းပေါ် ပြောင်းမယ်

အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုဟာ နိုင်ငံရဲ့ မြို့တော်ကို လူဦးရေထူထပ်ပြီး ပင်လယ်ထဲကို တဖြည်းဖြည်း နစ်မြုပ်လာတဲ့ ဂျကာတာ ကနေ ဘောနီရို ကျွန်းပေါ်ကိုပြောင်းမယ်လို့ မနေ့က ကြေညာခဲ့ပါတယ်။

ဘော်နီရိုကျွန်းပေါ်က ကာလီမန်တန်ပြည်နယ်ရဲ့ အရှေ့ပိုင်းကို ပြောင်းရွှေ့မှာလည်းဖြစ်ပါတယ်။ ဘော်နီရိုကျွန်းဟာ ထူထပ်တဲ့ မိုးသစ်တောနဲ့ အော်ရန်ဂူတန် မျောက်ဝံမျိုးစိတ်တွေကြောင့် လူသိများတာပါ။ ဝီဒိုဒို ဟာ အခုလိုမြို့တော် ပြောင်းရွှေဖို့ အတွက် ပြီးခဲ့တဲ့ သုံးနှစ်လုံး သင့်တော်တဲ့နေရာကို ရွေးနေတာဖြစ်ပြီး နောက်ဆုံး ရလဒ်အနေနဲ့ ဘော်နီရိုကျွန်းကို ရွေးချယ်ခဲ့တာလို့ပြောပါတယ်။ အခုမြို့တော်အသစ်ကို နာမည်မပေးရ ရသေးပေမယ့် ကျယ်ပြန့်တဲ့ ကျွန်းစု နိုင်ငံရဲက အလည်မှာ တည်ထားမှာ ဖြစ်ပြီး မြို့တော်တစ်ခုအတွက် လိုအပ်တဲ့ အဆောက်အဆုံ တွေနဲ့ အခင်းအကျင်းတွေ ပါရှိမှာ ဖြစ်တယ်လို့လည်း သမ္မတ ဝီဒိုဒိုက ပြောပါတယ်။

မြို့တော်သစ်ဟာ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဘားလစ်ပါပန် နဲ့ ကာလီမန်တန် ပြည်နယ်ရဲ့ မြို့တော် ဆမာရင်ဒါ တို့ကြားမှာ တည်ရှိမှာပါ။ သမ္မတ ဝီဒိုဒို က မြို့တော်သစ်ကို မြို့တော် ဂျကာတာ ရှိတဲ့ ဂျာဗား ကျွန်းပေါ်မှာပဲ ရွေ့လို့ရပေမယ့် တစ်နိုင်ငံလုံးရဲ့ စီးပွားရေးတွေနဲ့ လူဦးရေ ထူထပ်မှုတွေကို တစ်နေရာတည်းမှာပဲ စုမနေစေချင်လို့ ဘော်နီရိုကျွန်းကို ရွှေ့တာဖြစ်ကြောင်း ပြောပါတယ်။ အခုလက်ရှိ ဂျာဗားကျွန်းပေါ်မှာ နိုင်ငံလူဦးရေရဲ့ ၅၄ ရာခိုင်နှုန်း၊ သန်း ၂၇၀ နီးပါးလောက် နေထိုင်နေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)