ဆြီဒင္မွာ ကေလးခ်ီထားတဲ့မိခင္ တစ္ဦး ေခါင္းကို ေသနတ္နဲ႔ ပစ္သက္ခံရ

0
115

ဆီြဒင္ႏုိင္ငံ မာလ္မိုၿမိဳ႕မွာ အသက္ သံုးဆယ္ အ႐ြယ္ မိခင္တစ္ဦး ကေလးကို ခ်ီထားတုန္းမွာ မိခင္ရဲ႕ ေခါင္းကို ေသနတ္နဲ႔ ပစ္သက္ခံခဲ့မႈတစ္ခု ၾသဂုတ္လ ၂၆ ရက္ေန႔ မနက္ ၁၀ ေလာက္က ျဖစ္ပြားခဲ့ၿပီး သံသယူ႐ွိတစ္ဦးကို ဖမ္းဆီးထားပါတယ္။

မ်က္ျမင္သက္ေသေတြရဲ႕ေျပာျပခ်က္အရ အပစ္ခံရတဲ့ မိခင္ဟာ သူ႕ရဲ႕ ကေလးနဲ႔အတူ ေယာက်္ားတစ္ေယာက္နဲ႔ အတူ႐ွိေနၿပီး အဲ့ဒီအခ်ိန္မွာပဲ ေသနတ္နဲ႔ အပစ္ခံရတာပါ။ ကေဘးကေတာ့ ထိခိုက္မႈ မ႐ွိေကပမယ့္ မိခင္ျဖစ္သူကိုေတာ့ ေသနတ္နဲ႔ ေခါင္းကို ၃ ခ်က္ကေန ၈ ခ်က္အထိ ပစ္သက္ခံရတာျဖစ္ပါတယ္။ အခင္းျဖစ္တဲ့ ေနရာ ေရာက္ေရာက္ခ်င္း အဲ့ဒီပတ္ဝန္းက်င္တဝိုက္ကို ပိတ္ဆို႔ၿပီး စံုစမ္းစစ္ေဆးမႈေတြ ေတာက္ေလွ်ာက္လုပ္ေနတယ္လို႔ ရဲေရးေျပာေရးဆိုခြင့္႐ိွသူ ကယ္လ္ ပါဆန္က ေျပာပါတယ္။ 

အခုပစ္ခတ္မႈအတြက္ သံသယ႐ွိသူတစ္ဦး ဖမ္းမိထားၿပီျဖစ္ၿပီး အခုပစ္ခတ္မႈမွာ ပါဝင္ခဲ့သူေတြကို ဆက္လက္ေဖာ္ထုတ္မွာျဖစ္ပါတယ္။ ဆီြဒင္ သတင္းဌာန SVT က ပစ္ခတ္မႈျဖစ္ခဲ့တဲ့ ဗီဒီယိုဖုိင္ကိုတင္ျပခဲ့ၿပီး ဗီဒီယိုထဲမွာ အနက္ေရာင္ဝတ္စံုဝတ္္ထားၿပီး မ်က္ဖံုးဝတ္ထားတဲ့ လူတစ္ေယာက္ အခင္းျဖစ္တဲ့ေနရာကေန ထြက္ေျပးသြားတာကို ေတြ႕ရမွာျဖစ္ပါတယ္။ က်န္ခဲ့တဲ့ကေလးရဲ႕ အေဖဟာ ၿမိဳ႕ထဲမွာ ရာဇဝတ္ေကာင္အျဖစ္လူသိမ်ားေနတာျဖစ္ၿပီး အခုပစ္ခတ္မႈက ကေလးရဲ႕ အေဖကို ပစ္မွတ္ထားတာလို႔ ယူဆေနၾကပါတယ္။

ဆွီဒင်မှာ ကလေးချီထားတဲ့မိခင် တစ်ဦး ခေါင်းကို သေနတ်နဲ့ ပစ်သက်ခံရ

ဆွီဒင်နိုင်ငံ မာလ်မိုမြို့မှာ အသက် သုံးဆယ် အရွယ် မိခင်တစ်ဦး ကလေးကို ချီထားတုန်းမှာ မိခင်ရဲ့ ခေါင်းကို သေနတ်နဲ့ ပစ်သက်ခံခဲ့မှုတစ်ခု သြဂုတ်လ ၂၆ ရက်နေ့ မနက် ၁၀ လောက်က ဖြစ်ပွားခဲ့ပြီး သံသယူရှိတစ်ဦးကို ဖမ်းဆီးထားပါတယ်။

မျက်မြင်သက်သေတွေရဲ့ပြောပြချက်အရ အပစ်ခံရတဲ့ မိခင်ဟာ သူ့ရဲ့ ကလေးနဲ့အတူ ယောကျာ်းတစ်ယောက်နဲ့ အတူရှိနေပြီး အဲ့ဒီအချိန်မှာပဲ သေနတ်နဲ့ အပစ်ခံရတာပါ။ ကဘေးကတော့ ထိခိုက်မှု မရှိကေပမယ့် မိခင်ဖြစ်သူကိုတော့ သေနတ်နဲ့ ခေါင်းကို ၃ ချက်ကနေ ၈ ချက်အထိ ပစ်သက်ခံရတာဖြစ်ပါတယ်။ အခင်းဖြစ်တဲ့ နေရာ ရောက်ရောက်ချင်း အဲ့ဒီပတ်ဝန်းကျင်တဝိုက်ကို ပိတ်ဆို့ပြီး စုံစမ်းစစ်ဆေးမှုတွေ တောက်လျှောက်လုပ်နေတယ်လို့ ရဲရေးပြောရေးဆိုခွင့်ရှိသူ ကယ်လ် ပါဆန်က ပြောပါတယ်။

အခုပစ်ခတ်မှုအတွက် သံသယရှိသူတစ်ဦး ဖမ်းမိထားပြီဖြစ်ပြီး အခုပစ်ခတ်မှုမှာ ပါဝင်ခဲ့သူတွေကို ဆက်လက်ဖော်ထုတ်မှာဖြစ်ပါတယ်။ ဆွီဒင် သတင်းဌာန SVT က ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဗီဒီယိုဖိုင်ကိုတင်ပြခဲ့ပြီး ဗီဒီယိုထဲမှာ အနက်ရောင်ဝတ်စုံဝတ်ထားပြီး မျက်ဖုံးဝတ်ထားတဲ့ လူတစ်ယောက် အခင်းဖြစ်တဲ့နေရာကနေ ထွက်ပြေးသွားတာကို တွေ့ရမှာဖြစ်ပါတယ်။ ကျန်ခဲ့တဲ့ကလေးရဲ့ အဖေဟာ မြို့ထဲမှာ ရာဇဝတ်ကောင်အဖြစ်လူသိများနေတာဖြစ်ပြီး အခုပစ်ခတ်မှုက ကလေးရဲ့ အဖေကို ပစ်မှတ်ထားတာလို့ ယူဆနေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)