ကြင္းလယ္လူ အဲရစ္ဆင္ ရဲ႕အနာဂတ္ကိုအတိက်မေျပာႏိုင္ေသးေၾကာင္း စပါးနည္းျပ ဆုိ

0
109

ကြင္းလယ္လူ ခရစ္တီယန္ အဲရစ္ဆင္အေနနဲ႔ အသင္းမွာ ဆက္ရွိ မရွိဆိုတဲ့အခ်က္ကို အတိအက်မသိဘူးလို႔  စပါးနည္းျပ ပိုခ်က္တီႏိုက ဆိုပါတယ္။ 

အေျပာင္းအေရႊ႕ကာလ မပိတ္ခင္ ကြင္းလယ္လူ အဲရစ္ဆင္ ဟာ  ရီးရဲမက္ဒရစ္ အသင္းကို ေျပာင္းေရႊ႕ဖြယ္ရွိတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။  အဲရစ္ဆင္ရဲ႕ အနာဂတ္နဲ႔ပတ္သက္လို႔ အတိအက် မေျပာႏိုင္ေသးဘဲ အေျခေနေတြကိုေစာင့္ၾကည့္ရမယ္လို႔ စပါးနည္းျပ ကဆိုပါတယ္။ လာမယ့္ ၁၀ ရက္အတြင္းမွာ ကြင္းလယ္လူ အဲရစ္ဆင္ ဟာ အသင္းမွာ ဆက္ရွိ မရွိဆိုတာကို ေတြ႕ျမင္ရမွာျဖစ္ေၾကာင္း နည္းျပ ပိုခ်က္တီႏိုက ေျပာပါတယ္။ 

ၿပီးခဲ့တဲ့ရက္ပိုင္းက နယူးကာဆယ္ နဲ႔ ကစားတဲ့ပြဲစဥ္မွာ ကြင္းလယ္လူ အဲရစ္ဆင္ ဟာ ဒုတိယပိုင္းမွ ပါ၀င္ကစားခြင့္ရခဲ့ၿပီး အသင္းေျပာင္းေရႊမယ့္သတင္းေတြ က်ယ္ျပန္႔စြာထြက္ေပၚလာပါတယ္။ အသက္ ၂၇ ႏွစ္အရြယ္ရွိ အဲရစ္ဆင္ ဟာ လာမယ့္ေႏြရာသီမွာ စပါး နဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာျဖစ္ပါတယ္။

ကွင်းလယ်လူ အဲရစ်ဆင် ရဲ့အနာဂတ်ကိုအတိကျမပြောနိုင်သေးကြောင်း စပါးနည်းပြ ဆို

ကွင်းလယ်လူ ခရစ်တီယန် အဲရစ်ဆင်အနေနဲ့ အသင်းမှာ ဆက်ရှိ မရှိဆိုတဲ့အချက်ကို အတိအကျမသိဘူးလို့ စပါးနည်းပြ ပိုချက်တီနိုက ဆိုပါတယ်။

အပြောင်းအရွှေ့ကာလ မပိတ်ခင် ကွင်းလယ်လူ အဲရစ်ဆင် ဟာ ရီးရဲမက်ဒရစ် အသင်းကို ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အဲရစ်ဆင်ရဲ့ အနာဂတ်နဲ့ပတ်သက်လို့ အတိအကျ မပြောနိုင်သေးဘဲ အခြေနေတွေကိုစောင့်ကြည့်ရမယ်လို့ စပါးနည်းပြ ကဆိုပါတယ်။ လာမယ့် ၁၀ ရက်အတွင်းမှာ ကွင်းလယ်လူ အဲရစ်ဆင် ဟာ အသင်းမှာ ဆက်ရှိ မရှိဆိုတာကို တွေ့မြင်ရမှာဖြစ်ကြောင်း နည်းပြ ပိုချက်တီနိုက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက နယူးကာဆယ် နဲ့ ကစားတဲ့ပွဲစဉ်မှာ ကွင်းလယ်လူ အဲရစ်ဆင် ဟာ ဒုတိယပိုင်းမှ ပါဝင်ကစားခွင့်ရခဲ့ပြီး အသင်းပြောင်းရွှေမယ့်သတင်းတွေ ကျယ်ပြန့်စွာထွက်ပေါ်လာပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိ အဲရစ်ဆင် ဟာ လာမယ့်နွေရာသီမှာ စပါး နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)