
0
99




အမေဇုန်မိုးသစ်တောကြီး မီးငြှိမ်းသတ်ဖို့ ဂျီ ၇ နိုင်ငံတွေ ကူညီ

အမေဇုန် မိုးသစ်တောကြီးအတွင်း လောင်ကျွမ်းနေတဲ့ မီးကို ငြိမ်းသတ်နိုင်ဖို့ G 7 အဖွဲ့ဝင် နိုင်ငံတွေက အမေရိကန်ဒေါ်လာ ၂၂ သန်းကူညီပေးသွားမှာဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံ အမေဇုန် မိုးသစ်တောကြီးအတွင်း တောမီးလောင်မှုက အရင်နှစ်ထက် အကြိမ်အရေအတွက်များစွာ မြင့်တက်ခဲ့ပြီး အမြန်ဆုံးငြှိမ်းသတ်နိုင်ဖို့ ကြိုးပမ်းနေရပါတယ်။ မီးငြှိမ်းသတ်ရေးကို ကူညီနိုင်ဖို့ ပံ့ပိုးကူညီပေးသွားမယ်လို့ ကနေဒါ၊ ဂျာမနီ၊ ပြင်သစ် ၊ အီတလီ ၊ ဂျပန် ၊ ဗြိတိန် နဲ့ အမေရိကန် နိုင်ငံ ခေါင်းဆောင်တွေက ကတိပြုခဲ့ပါတယ်။

မီးငြိမ်းသတ်နိုင်ဖို့ ငွေကြေးကို ချက်ခြင်းပေးသွားမယ့်အပြင် စစ်သားတွေလည်း စေလွှတ်ပေးသွားမယ်လို့ ပြင်သစ် သမ္မတ ကပြောပါတယ်။ ဘရာဇီးသမ္မတ ဘိုဆိုနာရိုကတော့ ပြင်သစ်သမ္မတ ရဲ့အစီစဉ်ဟာ ကကောင်းမွန်တဲ့အစီအစဉ်ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)