
0
109




တရုတ် နဲ့ ကုန်သွယ်ရေးဆွေးနွေးမှု မကြာမီ ပြန်စမယ်လို့ အမေရိကန် သမ္မတ ပြော

တရုတ် နဲ့အမေရိကန်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေရှိခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆွေးနွေးမှု အမြန်ဆုံးပြန်စတင်မယ်လို့ အမေရိကန် သမ္မတ က ပြောပါတယ်။

ဆွေးနွေးပွဲတွေ ပြန်စတင်ဖို့ တရုတ်က ဆက်သွယ်ခဲ့တဲ့အတွက် ဆွေးနွေးပွဲစကားဝိုင်းကို ပြန်လာမယ်လို့ အမေရိကန် သမ္မတက ပြောပါတယ်။ အမေရိကန် ဟာ တရုတ်ပို့ကုန်တွေကို အခွန်တိုးကောက်ခဲ့သလို တရုတ်ကလည်း အမေရိကန်ပို့ကုန်တွေကို အခွန်တိုးကောက်မှု မကြာသေးမီက လုပ်ခဲ့ပါတယ်။

ကုန်သွယ်ရေးဆွေးနွေးပွဲ ပြန်စတင်မယ့် အစီစဉ်ဟာ ကောင်းမွန်တဲ့အစီစဉ်ဖြစ်တယ်လို့ G7 ထိပ်သီးအစည်းအဝေးကိုတက်ရောက်နေတဲ့ တရုတ် ကိုယ်စားလှယ်တွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)