
0
114




Mandatory Credit: Photo by Jordan Strauss/Invision/AP/REX/Shutterstock (9640566aj) Scarlett Johansson World Premiere of “Avengers: Infinity War”, Los Angeles, USA – 23 Apr 2018

၀င်ငွေအများဆုံးရ အမျိုးသမီး သရုပ်ဆောင်ဖြစ်လာတဲ့ စကားလက်ဂျိုဟန်ဆန်

စကားလက်ဂျိုဟန်ဆန် ဟာ ပြီးခဲ့တဲ့နှစ်အတွင်း ဝင်ငွေအများဆုံး အမျိုးသမီးသရုပ်ဆောင်စာရင်းနံပါတ် (၁) နေရာမှာရှိနေခဲ့တယ်လို့ Forbes မဂ္ဂဇင်း က ဆိုပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိမင်းသမီး စကားလက်ဂျိုဟန်ဆန်ဟာ ပြီးခဲ့တဲ့တစ်နှစ်အတွင်း ဝင်ငွေအမေရိကန်ဒေါ်လာ ၅၆ သန်းရရှိခဲ့ လွန်ခဲ့တဲ့ (၂) နှစ်က ရရှိခဲ့တဲ့ ဝင်ငွေထက် ၁၅ ဒဿမ ၅ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့ပါတယ်။ ကမ္ဘာတဝှမ်းမှာ အောင်မြင်ခဲ့တဲ့ Avengers:Endgame ဇာတ်ကားကနေ စကားလက်ဂျိုဟန်ဆန် ဟာ အမေရိကန်ဒေါ်လာ ၃၅ သန်းရရှိခဲ့တယ်လို့ Forbes မဂ္ဂဇင်း ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် မင်းသား ဒွိန်းဂျွန်ဆင် ဟာ ပြီးခဲ့တဲ့နှစ်အတွင်း ဝင်ငွေအမေရိကန်ဒေါ်လာ ၈၉ ဒဿမ ၄ သန်းနဲ့ ဝင်ငွေအများဆုံးရတဲ့ အမျိုးသားသရုပ်ဆောင်တွေထဲမှာ နံပတ် (၁) နေရာမှာရှိနေခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)