တရုတ်အစိုးရ ညွှန်ကြားချက်ကြောင့် ချန်ဒူးရှိ အမေရိကန် ကောင်စစ်ဝန်ရုံး ပိတ်သိမ်းရမယ်

0
130

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချန်ဒူးမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးဟာ တရုတ်အစိုးရရဲ့ ညွှန်ကြားချက်အရ ပိတ်သိမ်းဖို့ ပြင်ဆင်နေပါတယ်။

အမေရိကန် ပြည်ထောင်စု၊ ဟူစတန်နဲ့ တက္ကဆက်ရှိ တရုတ်ကောင်စစ်ဝန်ရုံးတွေ ပိတ်သိမ်းခံရပြီးနောက် ချန်ဒူးရှိ အမေရိကန် ကောင်စစ်ဝန်ရုံးကိုလည်း တရုတ်က ပိတ်သိမ်းခိုင်းတာပါ။

ဇူလိုင်လ ၂၆ ရက်နေ့မှာ ချန်ဒူး အမေရိကန် ကောင်စစ်ဝန်ရုံးက ဆိုင်းဘုတ်ကို ဖယ်ရှာနေပုံအား တရုတ်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ တရုတ်အစိုးရက အမေရိကန် ကောင်စစ်ဝန်ရုံးကို ဒီနေ့ ဇူလိုင်လ ၂၇ ရက်နေ့မှာ နောက်ဆုံးထား ပိတ်သိမ်းခိုင်းတာပါ။

ကောင်စစ်ဝန်ရုံးရှိ ပစ္စည်းပစ္စယတွေကိုတော့ ထရပ်ကား၊ ဘတ်စ်ကားတွေနဲ့ သယ်ယူရွှေ့ပြောင်းပြီး ဖြစ်ပါတယ်။ ပိတ်သိမ်းဖို့ ပြင်ဆင်နေတာကို မီဒီယာတွေ live ထုတ်လွှင့်သလို လာကြည့်သူတွေကလည်း ဓာတ်ပုံတွေ ရိုက်ခဲ့ကြပါတယ်။

ကောင်စစ်ဝန်ရုံးတွေ အပြန်အလှန် ရုပ်သိမ်းမှုဟာ အင်အားကြီး နိုင်ငံနှစ်နိုင်ငံအကြား ပွတ်တိုက်မှုကို ပိုမို မြင့်တက်စေပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့မှာ အမေရိကန်နိုင်ငံ၊ ဟူစတန်ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ခိုင်းခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီယိုက ကောင်စစ်ဝန်ရုံးဟာ သူလျှိုလုပ်ဖို့နဲ့ ထောက်လှမ်းရေး အချက်အလက်တွေ ခိုးယူဖို့ အခြေစိုက်နေရာ ဖြစ်နေတယ်လို့ ပြောခဲ့ပါတယ်။

ဟူစတန်ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို ဖက်ဒရယ် ရဲတပ်ဖွဲ့နဲ့ သော့ပြင်သမားတို့က တံခါးကို ချိုးဖျက်ပြီး ရုံးအတွင်း ဝင်ရောက်ခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဟွာ ချွန်ယင်းက ဇူလိုင်လ ၂၆ ရက်နေ့မှာ ဟူစတန်ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို ချိုးဖျက်ဝင်ခဲ့တဲ့ အမေရိကန် လုပ်ရပ်အပေါ် ပြစ်တင်ဝေဖန်ခဲ့ပြီး ဖောက်ထွင်းခိုးယူမှုနဲ့ မခြားဘူးလို့ ပြောခဲ့ပါတယ်။

ကိုရိုနာဗိုငြးရပဈြ ဖှဈပှားမှုအပေါြ ကိုငတြှယမြှု၊ ဟောငကြောငအြပေါြ ပှဋျဌာနြးမယ့ြ လုံခှုံရေး ဥပဒသဈေတိုနဲ့ ပတသြကပြှီး တရုတနြဲ့ အမရေိကနတြို့ ထိပတြိုကတြှေ့မှု ပိုဆိုးလာနတော ဖှဈပါတယြ။

___________________

___________________


တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချန်ဒူးမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးဟာ တရုတ်အစိုးရရဲ့ ညွှန်ကြားချက်အရ ပိတ်သိမ်းဖို့ ပြင်ဆင်နေပါတယ်။

အမေရိကန် ပြည်ထောင်စု၊ ဟူစတန်နဲ့ တက္ကဆက်ရှိ တရုတ်ကောင်စစ်ဝန်ရုံးတွေ ပိတ်သိမ်းခံရပြီးနောက် ချန်ဒူးရှိ အမေရိကန် ကောင်စစ်ဝန်ရုံးကိုလည်း တရုတ်က ပိတ်သိမ်းခိုင်းတာပါ။

ဇူလိုင်လ ၂၆ ရက်နေ့မှာ ချန်ဒူး အမေရိကန် ကောင်စစ်ဝန်ရုံးက ဆိုင်းဘုတ်ကို ဖယ်ရှာနေပုံအား တရုတ်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ တရုတ်အစိုးရက အမေရိကန် ကောင်စစ်ဝန်ရုံးကို ဒီနေ့ ဇူလိုင်လ ၂၇ ရက်နေ့မှာ နောက်ဆုံးထား ပိတ်သိမ်းခိုင်းတာပါ။

ကောင်စစ်ဝန်ရုံးရှိ ပစ္စည်းပစ္စယတွေကိုတော့ ထရပ်ကား၊ ဘတ်စ်ကားတွေနဲ့ သယ်ယူရွှေ့ပြောင်းပြီး ဖြစ်ပါတယ်။ ပိတ်သိမ်းဖို့ ပြင်ဆင်နေတာကို မီဒီယာတွေ live ထုတ်လွှင့်သလို လာကြည့်သူတွေကလည်း ဓာတ်ပုံတွေ ရိုက်ခဲ့ကြပါတယ်။

ကောင်စစ်ဝန်ရုံးတွေ အပြန်အလှန် ရုပ်သိမ်းမှုဟာ အင်အားကြီး နိုင်ငံနှစ်နိုင်ငံအကြား ပွတ်တိုက်မှုကို ပိုမို မြင့်တက်စေပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့မှာ အမေရိကန်နိုင်ငံ၊ ဟူစတန်ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ခိုင်းခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီယိုက ကောင်စစ်ဝန်ရုံးဟာ သူလျှိုလုပ်ဖို့နဲ့ ထောက်လှမ်းရေး အချက်အလက်တွေ ခိုးယူဖို့ အခြေစိုက်နေရာ ဖြစ်နေတယ်လို့ ပြောခဲ့ပါတယ်။

ဟူစတန်ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို ဖက်ဒရယ် ရဲတပ်ဖွဲ့နဲ့ သော့ပြင်သမားတို့က တံခါးကို ချိုးဖျက်ပြီး ရုံးအတွင်း ဝင်ရောက်ခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဟွာ ချွန်ယင်းက ဇူလိုင်လ ၂၆ ရက်နေ့မှာ ဟူစတန်ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို ချိုးဖျက်ဝင်ခဲ့တဲ့ အမေရိကန် လုပ်ရပ်အပေါ် ပြစ်တင်ဝေဖန်ခဲ့ပြီး ဖောက်ထွင်းခိုးယူမှုနဲ့ မခြားဘူးလို့ ပြောခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုအပေါ် ကိုင်တွယ်မှု၊ ဟောင်ကောင်အပေါ် ပြဋ္ဌာန်းမယ့် လုံခြုံရေး ဥပဒေသစ်တိုနဲ့ ပတ်သက်ပြီး တရုတ်နဲ့ အမေရိကန်တို့ ထိပ်တိုက်တွေ့မှု ပိုဆိုးလာနေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)