ပြည်ပသို့ ရိုက်ကူးရေးသွားရောက်တော့မဲ့ ဟွန်ဘင်းနဲ့ ဟွမ်ဂျန်းမင်း ပါဝင်ထားတဲ့ ရုပ်ရှင်

0
194

လာမဲ့ ဇူလိုင်လအတွင်းမှာ ပြည်ပသို့သွားရောက်ပြီး ရိုက်ကူးရေးများပြုလုပ်တော့မှာဖြစ်ကြောင်း Bargaining လို့ ယာယီအမည်ပေးထားတဲ့ ရုပ်ရှင်ရိုက်ကူးရေး တာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့ပါတယ်။ COVID-19 ရောဂါပိုးကူးစက်မှုများကြောင့် ရိုက်ကူးရေးများကို ရပ်တန့်ထားရပေမဲ့ ဇူလိုင်လဆန်းပိုင်းမှ စတင်ကာ ဂျော်ဒန်နိုင်ငံတွင် သွားရောက်ရိုက်ကူးတော့မှာ ဖြစ်ကြောင်း Bargaining ရုပ်ရှင်ရိုက်ကူးမှုကို တာဝန်ယူထားတဲ့ Megabox Plus M က သတင်းထုတ်ပြန်ခဲ့ပါတယ်။

Bargaining ရုပ်ရှင်မှာ တောင်ကိုရီးယားထိပ်တန်းသရုပ်ဆောင်တွေဖြစ်တဲ့ ဟွန်ဘင်းနဲ့ ဟွမ်ဂျန်းမင်းတို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ အင်းဆွန်းယေးက ရိုက်ကူးတဲ့ ရုပ်ရှင်ဖြစ်ကာ ၂၀၂၀ နှစ်ဆန်းပိုင်းခန့်က စတင်ကာ ရိုက်ကူးရေးများကို စတင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဖေဖဝါရီလမှ စတင်ကာ နိုင်ငံတကာ ခရီးသွား လေကြောင်းလိုင်းများကို ပိတ်ထားခဲ့တာကြောင့် ပြည်ပရိုက်ကူးရေးများကို ရပ်နားခဲ့ရခြင်းပါ။

ဂျော်ဒန်အစိုးရထံမှ တရားဝင်ခွင့်ပြုချက်ကို တောင်းခံပြီဖြစ်ကာ ဇွန်လကုန်ပိုင်းမှာ ခွင့်ပြုချက်ပေးမယ်လို့ ယူဆရကာ ရိုက်ကူးရေးအဖွဲ့သားများအားလုံးဟာ WHO က ညွှန်ကြားချက်အတိုင်း ကွာရန်တင်းဂိုက်လိုင်းများအတိုင်း နေထိုင်နေပြီး ဂျော်ဒန်အစိုးရက တောင်းခံထားတဲ့ ကျန်းမာရေးစစ်ဆေးချက်များကိုလည်း စီစဉ်ထားပြီးဖြစ်တယ်ကြောင်း ဒါ့ကြောင့် ခွင့်ပြုချက်ရတာနဲ့ ဂျော်ဒန်ကို သွားရောက်မှာလို့ ဆိုပါတယ်။ ရိုက်ကူးရေးအဖွဲ့သားများနဲ့ သရုပ်ဆောင်များကို အသုတ်ခွဲပြီး ဂျော်ဒန်ကို သွားကြမှာဖြစ်ကာ ရိုက်ကူးရေးအတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးမှုများကိုတော့ အားလုံးပြင်ဆင်ထားပြီးပြီလို့ ရိုက်ကူးရေး ကုမ္မဏီက ဆိုပါတယ်။

Bargaining ရုပရြှငကြတော့ နိုငငြံတောလြုံခှုံရေးတာဝနကြိုထမြးဆောငတြဲ့ တောငကြိုရီးယား အေးဂငွ့တြဈဦးဟာ အရှေ့အလယပြိုငြးဒသကေို တာဝနနြဲ့သှားရောကတြဲ့အခှအနေကေို ရိုကကြူးဖို့အတှကြ ဂွောဒြနနြိုငငြံကို ရှေးခယွထြားခှငြးဖှဈပါတယြ။


လာမဲ့ ဇူလိုင်လအတွင်းမှာ ပြည်ပသို့သွားရောက်ပြီး ရိုက်ကူးရေးများပြုလုပ်တော့မှာဖြစ်ကြောင်း Bargaining လို့ ယာယီအမည်ပေးထားတဲ့ ရုပ်ရှင်ရိုက်ကူးရေး တာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့ပါတယ်။ COVID-19 ရောဂါပိုးကူးစက်မှုများကြောင့် ရိုက်ကူးရေးများကို ရပ်တန့်ထားရပေမဲ့ ဇူလိုင်လဆန်းပိုင်းမှ စတင်ကာ ဂျော်ဒန်နိုင်ငံတွင် သွားရောက်ရိုက်ကူးတော့မှာ ဖြစ်ကြောင်း Bargaining ရုပ်ရှင်ရိုက်ကူးမှုကို တာဝန်ယူထားတဲ့ Megabox Plus M က သတင်းထုတ်ပြန်ခဲ့ပါတယ်။

Bargaining ရုပ်ရှင်မှာ တောင်ကိုရီးယားထိပ်တန်းသရုပ်ဆောင်တွေဖြစ်တဲ့ ဟွန်ဘင်းနဲ့ ဟွမ်ဂျန်းမင်းတို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ အင်းဆွန်းယေးက ရိုက်ကူးတဲ့ ရုပ်ရှင်ဖြစ်ကာ ၂၀၂၀ နှစ်ဆန်းပိုင်းခန့်က စတင်ကာ ရိုက်ကူးရေးများကို စတင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဖေဖဝါရီလမှ စတင်ကာ နိုင်ငံတကာ ခရီးသွား လေကြောင်းလိုင်းများကို ပိတ်ထားခဲ့တာကြောင့် ပြည်ပရိုက်ကူးရေးများကို ရပ်နားခဲ့ရခြင်းပါ။

ဂျော်ဒန်အစိုးရထံမှ တရားဝင်ခွင့်ပြုချက်ကို တောင်းခံပြီဖြစ်ကာ ဇွန်လကုန်ပိုင်းမှာ ခွင့်ပြုချက်ပေးမယ်လို့ ယူဆရကာ ရိုက်ကူးရေးအဖွဲ့သားများအားလုံးဟာ WHO က ညွှန်ကြားချက်အတိုင်း ကွာရန်တင်းဂိုက်လိုင်းများအတိုင်း နေထိုင်နေပြီး ဂျော်ဒန်အစိုးရက တောင်းခံထားတဲ့ ကျန်းမာရေးစစ်ဆေးချက်များကိုလည်း စီစဉ်ထားပြီးဖြစ်တယ်ကြောင်း ဒါ့ကြောင့် ခွင့်ပြုချက်ရတာနဲ့ ဂျော်ဒန်ကို သွားရောက်မှာလို့ ဆိုပါတယ်။ ရိုက်ကူးရေးအဖွဲ့သားများနဲ့ သရုပ်ဆောင်များကို အသုတ်ခွဲပြီး ဂျော်ဒန်ကို သွားကြမှာဖြစ်ကာ ရိုက်ကူးရေးအတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးမှုများကိုတော့ အားလုံးပြင်ဆင်ထားပြီးပြီလို့ ရိုက်ကူးရေး ကုမ္မဏီက ဆိုပါတယ်။

Bargaining ရုပ်ရှင်ကတော့ နိုင်ငံတော်လုံခြုံရေးတာဝန်ကိုထမ်းဆောင်တဲ့ တောင်ကိုရီးယား အေးဂျင့်တစ်ဦးဟာ အရှေ့အလယ်ပိုင်းဒေသကို တာဝန်နဲ့သွားရောက်တဲ့အခြေအနေကို ရိုက်ကူးဖို့အတွက် ဂျော်ဒန်နိုင်ငံကို ရွေးချယ်ထားခြင်းဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)