အသင္းကေန ထြက္မယ္လို႔ မန္စီးတီး ကြင္းလယ္လူ ေဒးဗစ္ ေဆးလ္ဗား ထုတ္ေဖာ္

0
85

ဒီရာကုန္ခ်ိန္မွာ အသင္းကေန ထြက္ခြာမယ္လို႔ မန္စီးတီးကြင္းလယ္လူ ေဒးဗစ္ေဆးလ္ဗားက ထုတ္ေဖာ္ေျပာဆုိ လုိက္ပါတယ္။   

အသက္ ၃၃ ႏွစ္အရြယ္ရွိ ေဆးလ္ဗား ဟာ   ၂၀၁၀ ခုနွစ္က မန္စီးတီးအသင္းကို ေျပာင္းခဲ့ ပါတယ္။ မန္စီးတီး အသင္းမွာ ဆယ္ႏွစ္ၾကာကစားခဲ့မႈက အေကာင္းဆံုးအခ်ိန္ေတြ ျဖစ္ေၾကာင္း၊  မန္စီးတီးအသင္းက ႏွစ္ႏွစ္ သက္တမ္းတုိးဖုိ႔ သက္တမ္းတုိးဖုိ႔ ေဆြးေႏြးခဲ့ေပမယ့္ အျခားအသင္းဆီ ေျပာင္းဖုိ႔ ဆံုးျဖတ္ထားၿပီျဖစ္ေၾကာင္း  ေဒးဗစ္ ေဆးလ္ က ေျပာပါတယ္။

 ေဆးလ္ဗား ဟာ မန္စီးတီးအသင္း မွာ ဆယ္ႏွစ္ၾကာ ကစားခဲ့တဲ့ အတြင္းမွာ   ပြဲေပါင္း ၃၉၅ ပြဲ ကစားခဲ့ ျပီး မန္စီးတီးအသင္းနဲ႔ အတူ ပရီးမီယားလိဂ္  ခ်န္ပီယံ ဆု (၄ ႀကိမ္) အက္ဖ္ေအဖလား (၂ ႏွစ္ၾကိမ္) ရယူႏိုင္ခဲ့ပါတယ္။

အသင်းကနေ ထွက်မယ်လို့ မန်စီးတီး ကွင်းလယ်လူ ဒေးဗစ် ဆေးလ်ဗား ထုတ်ဖော်

ဒီရာကုန်ချိန်မှာ အသင်းကနေ ထွက်ခွာမယ်လို့ မန်စီးတီးကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားက ထုတ်ဖော်ပြောဆို လိုက်ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိ ဆေးလ်ဗား ဟာ ၂၀၁၀ ခုနှစ်က မန်စီးတီးအသင်းကို ပြောင်းခဲ့ ပါတယ်။ မန်စီးတီး အသင်းမှာ ဆယ်နှစ်ကြာကစားခဲ့မှုက အကောင်းဆုံးအချိန်တွေ ဖြစ်ကြောင်း၊ မန်စီးတီးအသင်းက နှစ်နှစ် သက်တမ်းတိုးဖို့ သက်တမ်းတိုးဖို့ ဆွေးနွေးခဲ့ပေမယ့် အခြားအသင်းဆီ ပြောင်းဖို့ ဆုံးဖြတ်ထားပြီဖြစ်ကြောင်း ဒေးဗစ် ဆေးလ် က ပြောပါတယ်။

ဆေးလ်ဗား ဟာ မန်စီးတီးအသင်း မှာ ဆယ်နှစ်ကြာ ကစားခဲ့တဲ့ အတွင်းမှာ ပွဲပေါင်း ၃၉၅ ပွဲ ကစားခဲ့ ပြီး မန်စီးတီးအသင်းနဲ့ အတူ ပရီးမီယားလိဂ် ချန်ပီယံ ဆု (၄ ကြိမ်) အက်ဖ်အေဖလား (၂ နှစ်ကြိမ်) ရယူနိုင်ခဲ့ပါတယ်။