ဗြိတိန်မှာ ကျောင်းတွေ ဆက်ပိတ်ထားဖို့ မိဘနဲ့ ဆရာတွေ တောင်းဆို

0
333

ဗြိတိန်နိုင်ငံ၊ အောက်စဖို့ဒ်ရှိုင်းယား စီရင်စုမှာ ကျောင်းသားမိဘနဲ့ ဆရာ၊ ဆရာမ ၂၅၀ တို့က အစိုးရညွှန်ကြားသလို မူလတန်း စာသင်ကျောင်းတွေ ပြန်ဖွင့်ရေးကို လက်မခံဖို့ စုပေါင်းလက်မှတ်ရေးထိုးပြီး အောက်စဖို့ဒ်ရှိုင်းယား စီရင်စု ကောင်စီထံ ပေးပို့တောင်းဆိုလိုက်ပါတယ်။

အောက်စဖို့ဒ် ကုန်သွယ်ရေးသမဂ္ဂ ကိုဗစ် တန်ပြန်ဆောင်ရွက်ရေးအဖွဲ့ကလည်း မေလ ၂၆ ရက်နေ့က အွန်လိုင်း အစည်းအဝေးခေါ်ဖို့ တောင်းဆိုခဲ့ပြီး ကျောင်းသားမိဘနဲ့ ဆရာတွေရဲ့ တောင်းဆိုမှုကိုလည်း ထောက်ခံခဲ့ပါတယ်။

တောင်းဆိုသူတွေထဲက သူနာပြုတစ်ဦးဖြစ်တဲ့ အီယန် မက်ကင်ဒရစ်ခ်က ဗိုင်းရပ်စ် ကူးစက်မှုတွေ လျော့ကျသွားတာဟာ lockdown ကြောင့်သာ ဖြစ်တယ်လို့ ပြောပါတယ်။ အစိုးရအနေနဲ့ စီးပွားရေးထက် ပြည်သူတွေရဲ့ ကျန်းမာရေးကို ပိုဦးစားပေးဖို့ လိုအပ်ကြောင်း၊ lockdown လုပ်ဖို့ နောက်ကျခဲ့တဲ့အတွက် ဗြိတိန်ဟာ ဥရောပမှာ သေဆုံးမှု အဆိုးဆုံးအဖြစ်ကို ကြုံခဲ့ပြီးဖြစ်ကြောင်းလည်း သူက ထောက်ပြပါတယ်။


__________________

__________________


ဗြိတိန်နိုင်ငံ၊ အောက်စဖို့ဒ်ရှိုင်းယား စီရင်စုမှာ ကျောင်းသားမိဘနဲ့ ဆရာ၊ ဆရာမ ၂၅၀ တို့က အစိုးရညွှန်ကြားသလို မူလတန်း စာသင်ကျောင်းတွေ ပြန်ဖွင့်ရေးကို လက်မခံဖို့ စုပေါင်းလက်မှတ်ရေးထိုးပြီး အောက်စဖို့ဒ်ရှိုင်းယား စီရင်စု ကောင်စီထံ ပေးပို့တောင်းဆိုလိုက်ပါတယ်။

အောက်စဖို့ဒ် ကုန်သွယ်ရေးသမဂ္ဂ ကိုဗစ် တန်ပြန်ဆောင်ရွက်ရေးအဖွဲ့ကလည်း မေလ ၂၆ ရက်နေ့က အွန်လိုင်း အစည်းအဝေးခေါ်ဖို့ တောင်းဆိုခဲ့ပြီး ကျောင်းသားမိဘနဲ့ ဆရာတွေရဲ့ တောင်းဆိုမှုကိုလည်း ထောက်ခံခဲ့ပါတယ်။

တောင်းဆိုသူတွေထဲက သူနာပြုတစ်ဦးဖြစ်တဲ့ အီယန် မက်ကင်ဒရစ်ခ်က ဗိုင်းရပ်စ် ကူးစက်မှုတွေ လျော့ကျသွားတာဟာ lockdown ကြောင့်သာ ဖြစ်တယ်လို့ ပြောပါတယ်။ အစိုးရအနေနဲ့ စီးပွားရေးထက် ပြည်သူတွေရဲ့ ကျန်းမာရေးကို ပိုဦးစားပေးဖို့ လိုအပ်ကြောင်း၊ lockdown လုပ်ဖို့ နောက်ကျခဲ့တဲ့အတွက် ဗြိတိန်ဟာ ဥရောပမှာ သေဆုံးမှု အဆိုးဆုံးအဖြစ်ကို ကြုံခဲ့ပြီးဖြစ်ကြောင်းလည်း သူက ထောက်ပြပါတယ်။

အောက်စဖို့ဒ်ရှိုးယား အမျိုးသားပညာရေး သမဂ္ဂ အတွင်းရေးမှူး လိတ်ဂျ် ဆိဒ်ဟောက်စ်ကလည်း SAGE ပညာရှင်အဖွဲ့က ဇွန်လ ၁ ရက်ဟာ ကျောင်းတွေပြန်ဖွင့်ဖို့ စောလွန်းတယ်လို့ ပြောထားပြီး ဖြစ်ကြောင်း၊ ဒီ အန္တရာယ်များတဲ့ ဆုံးဖြတ်ချက်အတိုင်း ဆက်လုပ်မယ်ဆိုရင် လူမှုအဇွဲ့အစည်းရဲ့ ကျန်းမာရေးဟာ အန္တရာယ်ရှိနေပြီး ဗိုင်းရပ်စ် ဒုတိယလှိုင်းအမြင့်ကို ကြုံနိုင်ကြောင်း၊ ကျောင်းတွေကို ပြန်ဖွင့်ဖို့ လုံခြုံမှု မရှိဘူးလို့ အမျိုးသားပညာရေး သမဂ္ဂက ယူဆကြောင်း ပြောပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)