အစာရေစာ မစားဘဲ နေနိုင်တယ်ဆိုတဲ့ အိန္ဒိယ ယောဂီ အသက် ၉၀ မှာ ကွယ်လွန်

0
236

အိန္ဒိယနိုင်ငံမှာ အစာမစား၊ ရေမသာက်ဘဲ နေနိုင်တယ်လို့ ကြွေးကြော်ထားတဲ့ ယောဂီ ပရာလတ် ဂျာနီဟာ အသက် ၉၀ အရွယ် မေလ ၂၆ ရက်နေ့မှာ ကွယ်လွန်သွားပါတယ်။

သူ့အာခေါင်ထဲမှာ သက်စောင့်ဆေးရှိပြီး အစားအစာနဲ့ ရေ မစားသောက်ဘဲ နေနိုင်တယ်လို့ ဂျာနီက AFP သတင်းဌာနကို ၂၀၀၃ ခုနှစ်တုန်းက ပြောဖူးပါတယ်။ ကလေးကတည်းက သူ့ကို နတ်ဘုရားမက စောင့်ရှောက်ပြီး အသက်ရှင်ဖို့ အခြေခံလိုအပ်ချက်တွေ မပါဘဲ နေနိုင်တယ်လို့ ဂျာနီက ယုံကြည်ပါတယ်။

ဆေးပညာရှင်တွေကတော့ အစာရေစာ မစားဘဲ ကာလရှည်ကြာ အသက်ရှင်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ကြပါတယ်။ ဒါပေမယ့် ဂျာနီမှာ နောက်လိုက်နောက်ပါ အများကြီး ရှိလာပြီးနောက် ၂၀၁၀ ပြည့်နှစ်မှာ ဆေးပညာရှင်တွေရဲ့ အာရုံစိုက်မှုကို ခံရပြီး ဆရာဝန်တစ်စုက ဂျာနီကို အိန္ဒိယ အနောက်မြောက်ပိုင်း အာမေဒါဘက်ရှိ ဆေးရုံမှာ ပင့်ခေါ် လေ့လာခဲ့ကြပါတယ်။

ဆေးပညာရှင်အဖွဲ့က ဂျာနီရဲ့ ဦးနှောက်၊ ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ သွေးကြောတွေကို လေ့လာစစ်ဆေးခဲ့ကြပါတယ်။ အဲဒီနောက် အခန်းထဲမှာ စောင့်ကြည့်တဲ့ ကင်မရာတွေ တပ်ဆင်ပြီး အစာရေစာ စားသောက်သလားဆိုတာကို အချိန်ပြည့် စောင့်ကြည့်ခဲ့ကြပါတယ်။

စောင့်ကြည့်ထားစဉ် ဂျာနီဟာ သန့်စင်ခန်းထဲလည်း မဝင်၊ အစာလည်းမစား၊ ရေ၊ တခြား ဖျော်ရည်တွေလည်း မသောက်ဘဲ နှစ်ပတ်ကြာ နေခဲ့တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

ဂျာနီကို စောင့်ကြည့်လေ့လာခဲ့တဲ့ အဖွဲ့မှာ ပါဝင်သူ အာဟာရဗေဒ ပညာရှင် ဆုဒါ ရှားက ဂျာနီ အဲလိုနေနိုင်တာ ဘယ်လို သဘာဝဓမ္မ သဘောလဲဆိုတာ ပဟေဠိဖြစ်နေဆဲပါလို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ဂျာနီကို လေ့လာမှု အသေးစိတ်ကိုတော့ ဘယ်တုန်းကမှ ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

အခု ကှယလြှနသြှားတဲ့ ဂွာနီရဲ့ ရုပကြလာပကြို အမဘြာဂွီမှို့ကို သယယြူသှားပှီး အမွားပှညသြူ ကှည့ရြှု ဂါရဝပှုဖို့ နှဈရကကြှာ ထားရှိပါတယြ။ မလေ ၂၈ ရကနြေ့မှာတော့ ဂူသှငြးသငြျဂှိုဟမြှာ ဖှဈတယလြို့ ဂွာနီနဲ့ နီးစပသြူ ရှီတယြ ခွောငဒြူရီက ပှောပါတယြ။

___________________

___________________

အစာရစော မစားဘဲ နနေိုငျတယျဆိုတဲ့ အိန်ဒိယ ယောဂီ အသကျ ၉၀ မှာ ကှယျလှနျ

အိန္ဒိယနိုင်ငံမှာ အစာမစား၊ ရေမသာက်ဘဲ နေနိုင်တယ်လို့ ကြွေးကြော်ထားတဲ့ ယောဂီ ပရာလတ် ဂျာနီဟာ အသက် ၉၀ အရွယ် မေလ ၂၆ ရက်နေ့မှာ ကွယ်လွန်သွားပါတယ်။

သူ့အာခေါင်ထဲမှာ သက်စောင့်ဆေးရှိပြီး အစားအစာနဲ့ ရေ မစားသောက်ဘဲ နေနိုင်တယ်လို့ ဂျာနီက AFP သတင်းဌာနကို ၂၀၀၃ ခုနှစ်တုန်းက ပြောဖူးပါတယ်။ ကလေးကတည်းက သူ့ကို နတ်ဘုရားမက စောင့်ရှောက်ပြီး အသက်ရှင်ဖို့ အခြေခံလိုအပ်ချက်တွေ မပါဘဲ နေနိုင်တယ်လို့ ဂျာနီက ယုံကြည်ပါတယ်။

ဆေးပညာရှင်တွေကတော့ အစာရေစာ မစားဘဲ ကာလရှည်ကြာ အသက်ရှင်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ကြပါတယ်။ ဒါပေမယ့် ဂျာနီမှာ နောက်လိုက်နောက်ပါ အများကြီး ရှိလာပြီးနောက် ၂၀၁၀ ပြည့်နှစ်မှာ ဆေးပညာရှင်တွေရဲ့ အာရုံစိုက်မှုကို ခံရပြီး ဆရာဝန်တစ်စုက ဂျာနီကို အိန္ဒိယ အနောက်မြောက်ပိုင်း အာမေဒါဘက်ရှိ ဆေးရုံမှာ ပင့်ခေါ် လေ့လာခဲ့ကြပါတယ်။

ဆေးပညာရှင်အဖွဲ့က ဂျာနီရဲ့ ဦးနှောက်၊ ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ သွေးကြောတွေကို လေ့လာစစ်ဆေးခဲ့ကြပါတယ်။ အဲဒီနောက် အခန်းထဲမှာ စောင့်ကြည့်တဲ့ ကင်မရာတွေ တပ်ဆင်ပြီး အစာရေစာ စားသောက်သလားဆိုတာကို အချိန်ပြည့် စောင့်ကြည့်ခဲ့ကြပါတယ်။

စောင့်ကြည့်ထားစဉ် ဂျာနီဟာ သန့်စင်ခန်းထဲလည်း မဝင်၊ အစာလည်းမစား၊ ရေ၊ တခြား ဖျော်ရည်တွေလည်း မသောက်ဘဲ နှစ်ပတ်ကြာ နေခဲ့တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

ဂျာနီကို စောင့်ကြည့်လေ့လာခဲ့တဲ့ အဖွဲ့မှာ ပါဝင်သူ အာဟာရဗေဒ ပညာရှင် ဆုဒါ ရှားက ဂျာနီ အဲလိုနေနိုင်တာ ဘယ်လို သဘာဝဓမ္မ သဘောလဲဆိုတာ ပဟေဠိဖြစ်နေဆဲပါလို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ဂျာနီကို လေ့လာမှု အသေးစိတ်ကိုတော့ ဘယ်တုန်းကမှ ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

အခု ကွယ်လွန်သွားတဲ့ ဂျာနီရဲ့ ရုပ်ကလာပ်ကို အမ်ဘာဂျီမြို့ကို သယ်ယူသွားပြီး အများပြည်သူ ကြည့်ရှု ဂါရဝပြုဖို့ နှစ်ရက်ကြာ ထားရှိပါတယ်။ မေလ ၂၈ ရက်နေ့မှာတော့ ဂူသွင်းသြင်္ဂိုဟ်မှာ ဖြစ်တယ်လို့ ဂျာနီနဲ့ နီးစပ်သူ ရှီတယ် ချောင်ဒူရီက ပြောပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)