တရုတ်ကွန်မြူနစ်ပါတီကို ဝေဖန်တဲ့ comment တွေ အလိုအလျောက် ဖျက်ပစ်မှု YouTube စုံစမ်းစစ်ဆေးနေ

0
954

တရုတ်ကွန်မြူနစ်ပါတီ (CCP) ကို ဝေဖန်တဲ့ မှတ်ချက် comment တွေ အလိုအလျောက် ဖျက်ပစ်မှုနဲ့ ပတ်သက်ပြီး ဆင်ဆာလုပ်တယ်လို့ ပြောဆိုဝေဖန်မှုအပေါ် YouTube က စုံစမ်းစ်စဆေးမှုတွေ လုပ်နေပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကာလအတွင်း အလိုအလျောက် ဖျက်ပစ်တဲ့ စနစ်က အမှားတစ်ခု ခံနေပုံရတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ နည်းပညာ စွန့်ဦးတီထွင်သူ ပယ်လ်မာ လပ်ကီးက ဝေဖန်ပြီးတဲ့နောက် အခုလို စုံစမ်းစစ်ဆေးမှုတွေ လုပ်တဲ့အဆင့်အထိ ရောက်လာတာပါ။

လပ်ကီးက Twitter မှာ ရေးတင်ခဲ့သလို သူတို့ပေးတဲ့ မှတ်ချက် comment တွေလည်း အဖျက်ခံရတယ်လို့ တခြား Twitter အသုံးပြုသူတွေကလည်း တုံ့ပြန်ကြပါတယ်။

Oculus ကုမ္ပဏီကို တည်ထောင်ပြီး အခု ကာကွယ်ရေးဆိုင်ရာ နည်းပညာကုမ္ပဏီနဲ့ အလုပ်လုပ်နေသူ မစ္စတာ လပ်ကီးက “တရုတ်ကွန်မြူနစ်ပါတီရဲ့ အင်တာနက် ဝါဒဖြန့်ချိရေးဌာနဖြစ်တဲ့ ‘ဝူမော်’ ကို ဝေဖန်တဲ့ မှတ်ချက်တွေပေးတိုင်း YouTube က ဖျက်ပစ်တယ်” လို့ Twitter မှာ ရေးသားခဲ့တာပါ။ မှတ်ချက်တွေကို ဆင်ဆာဖြတ်တောက် စိစစ်တဲ့ မူဝဒါသစ် ဖြစ်ပုံရတယ်လို့လည်း မစ္စတာ လပ်ကီးက ဝေဖန်ခဲ့ပါတယ်။

မစ္စတာ လပ်ကီးရဲ့ မှတ်ချက်ကို ရီပတ်ဘလီကန် လွှတ်တော်အမတ် တက်ဒ် ခရုဇ်က သတိပြုမိပြီး စိတ်ပျက်စရာ အလွန်ကောင်းတယ်လို့ ပြောခဲ့ပါတယ်။

“တရုတကြှနမြှူနဈပါတီ ကိုယစြား အမရေိကနတြှကေို Google/YouTube က ဘာကှောင့ြ ဆငဆြာ ဖှတနြသလေဲ၊ ဒါဟာ မှားတယြ၊ နညြးပညာ ကုမျပဏီကှီးတှဟော အာဏာနဲ့ ယဈမူးနပှေီ၊ တဈဦးတညြး အာဏာခွုပကြိုငမြှုကို ရှာမနြး အကြဥပဒနေဲ့ တားမှဈရမယြ၊ DOJ (တရားရောဌာန) က ဒါကို အခုခကွခြငွြး ရပဖြို့လိုပှီ” လို့ အမတြ ခရုဇကြ Twitter မှာ ပှငြးပှငြးထနထြနြ ရေးသားခဲ့ပါတယြ။

______________________

______________________

တရုတျကှနျမွူနဈပါတီကို ဝဖေနျတဲ့ comment တှေ အလိုအလြောကျ ဖကြျပဈမှု YouTube စုံစမျးစဈဆေးနေ

တရုတ်ကွန်မြူနစ်ပါတီ (CCP) ကို ဝေဖန်တဲ့ မှတ်ချက် comment တွေ အလိုအလျောက် ဖျက်ပစ်မှုနဲ့ ပတ်သက်ပြီး ဆင်ဆာလုပ်တယ်လို့ ပြောဆိုဝေဖန်မှုအပေါ် YouTube က စုံစမ်းစ်စဆေးမှုတွေ လုပ်နေပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကာလအတွင်း အလိုအလျောက် ဖျက်ပစ်တဲ့ စနစ်က အမှားတစ်ခု ခံနေပုံရတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ နည်းပညာ စွန့်ဦးတီထွင်သူ ပယ်လ်မာ လပ်ကီးက ဝေဖန်ပြီးတဲ့နောက် အခုလို စုံစမ်းစစ်ဆေးမှုတွေ လုပ်တဲ့အဆင့်အထိ ရောက်လာတာပါ။

လပ်ကီးက Twitter မှာ ရေးတင်ခဲ့သလို သူတို့ပေးတဲ့ မှတ်ချက် comment တွေလည်း အဖျက်ခံရတယ်လို့ တခြား Twitter အသုံးပြုသူတွေကလည်း တုံ့ပြန်ကြပါတယ်။

Oculus ကုမ္ပဏီကို တည်ထောင်ပြီး အခု ကာကွယ်ရေးဆိုင်ရာ နည်းပညာကုမ္ပဏီနဲ့ အလုပ်လုပ်နေသူ မစ္စတာ လပ်ကီးက “တရုတ်ကွန်မြူနစ်ပါတီရဲ့ အင်တာနက် ဝါဒဖြန့်ချိရေးဌာနဖြစ်တဲ့ ‘ဝူမော်’ ကို ဝေဖန်တဲ့ မှတ်ချက်တွေပေးတိုင်း YouTube က ဖျက်ပစ်တယ်” လို့ Twitter မှာ ရေးသားခဲ့တာပါ။ မှတ်ချက်တွေကို ဆင်ဆာဖြတ်တောက် စိစစ်တဲ့ မူဝဒါသစ် ဖြစ်ပုံရတယ်လို့လည်း မစ္စတာ လပ်ကီးက ဝေဖန်ခဲ့ပါတယ်။

မစ္စတာ လပ်ကီးရဲ့ မှတ်ချက်ကို ရီပတ်ဘလီကန် လွှတ်တော်အမတ် တက်ဒ် ခရုဇ်က သတိပြုမိပြီး စိတ်ပျက်စရာ အလွန်ကောင်းတယ်လို့ ပြောခဲ့ပါတယ်။

“တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စား အမေရိကန်တွေကို Google/YouTube က ဘာကြောင့် ဆင်ဆာ ဖြတ်နေသလဲ၊ ဒါဟာ မှားတယ်၊ နည်းပညာ ကုမ္ပဏီကြီးတွေဟာ အာဏာနဲ့ ယစ်မူးနေပြီ၊ တစ်ဦးတည်း အာဏာချုပ်ကိုင်မှုကို ရှာမန်း အက်ဥပဒေနဲ့ တားမြစ်ရမယ်၊ DOJ (တရားရောဌာန) က ဒါကို အခုချက်ချင်း ရပ်ဖို့လိုပြီ” လို့ အမတ် ခရုဇ်က Twitter မှာ ပြင်းပြင်းထန်ထန် ရေးသားခဲ့ပါတယ်။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)