အစ္စလာမ်ဘာသာဝင်အမျိုးသမီးနှစ်ဦးအား မစော်ကားဖို့တားမြစ်ခဲ့တဲ့သူ လူနှစ်ဦးအသတ်ခံရ

0
277

အမေရိကန်ပြည် ထောင်စု Portland မြို့က ဘူတာရုံမှာ ရထားပေါ် က လူနှစ်ဦးကို ဓါးနဲ့ထိုးသတ်ခဲ့သူကို ရဲတပ်ဖွဲ့ဝင်တွေ  ဖမ်းဆီးနိုင်ခဲ့ကြပါတယ်။

ဓါးနဲ့ထိုးသတ်ခဲ့ သူအမျိုးသား ရထားပေါ်က ဥပုဒ်စောင့်ဖို့အတွက် အစ္စလာမ်ဘာသာဝင်လို ၀တ်စားထားတဲ့ အမျိုးသမီး နှစ်ဦးကို အော်ဟစ်ဆဲဆိုစော်ကားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီလို အော်ဟစ်စော်ကားမှုမျိုးမပြုလုပ်ဖို့ ရထားပေါ်ပါလာတဲ့ အမျိုးသား ၃ ယောက်ကတား မြစ်ခဲ့တဲ့အတွက်ကြောင့် အဲ့ဒီ၃ ယောက်ကို ဓါးနဲ့ထိုးခဲ့ပြီး နှစ်ယောက်ဟာ ဓါးဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ မြင်တွေ့ခဲ့တဲ့ အမျိုးသမီးနှစ်ဦးကပြော ပါတယ်။

တိုက်ခိုက်ခဲ့သူကိုတော့ ဘူတာရုံအထွက်မှာ ဖမ်းဆီးနိုင်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီလို တိုက်ခိုက်မှုဖြစ်စဉ်ရဲ့ ၅၀ ရာခိုင်နှုန်းဟာ   ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစ္စလာမ်မစ် မစ်သွေးကြွ အုပ်စုတွေ အပေါ် အဓိကထားတိုက်ခိုက်လာမှု ကြောင့် ဖြစ်တယ်လို့ အမေရိကန်-အစ္စလာမ်သံရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)