တက္ကဆပ်ပြည်နယ်က သူနာပြုဟောင်း ဂျင်ဂျုံးစ်ကို ကလေးသတ်မှုနဲ့ ထပ်မံအရေးယူ

0
309

လသားအရွယ်ကလေးငယ်တစ်ဦးကို သတ်ဖြတ်မှုနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀က အရေးယူအပြစ်ပေးခဲ့ရတဲ့ အမေရိကန်နိုင်ငံ၊ တက္က ဆပ်ပြည်နယ်က သူနာပြုဟောင်း မစ္စဂျင်ဂျုံးစ်ကို ၁၁သားအရွယ် ကလေးငယ်တစ်ဦးသေဆုံးမှုနဲ့ ထပ်မံအရေးယူလိုက်ကြောင်း သိရှိရပါတယ်။

ဂျိုရှုအာဆောယာဆိုတဲ့ကလေးငယ်ကို သေစေနိုင်လောက်တဲ့ အဆိပ်တွေ ထိုးသွင်းမှုနဲ့ ၁၉၈၁ခုနှစ်၊ ဒီဇင်ဘာလက ဂျင်ဂျုံးစ်ကို အရေးယူခဲ့တာဖြစ်ပါတယ်။ အဲဒီမတိုင်မီတစ်နှစ်ကလည်း ချဲလ်ဆီးမက်ကလီလန်ကို သူမက သတ်ဖြတ်ခဲ့ပါသေးတယ်။

ကလေးငယ်ပေါင်း ၆၀ခန့်ကို သတ်ဖြတ်ခဲ့သူလို့ သံသယရှိသူ ဂျင်ဂျုံးစ်ကို အဆိုပါကလေးငယ်သေဆုံးမှုအတွက် ထောင်ဒဏ်၉၉ နှစ်ချမှတ်အပြစ်ပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့တရားဥပဒေမှာရှိတဲ့ အားနည်းချက်ကြောင့် လာမယ့်နှစ် မတ်လအတွင်းမှာ သူမဟာ အကျဉ်းထောင်ကနေ ပြန်လည်လွတ် မြောက်လာမှာဖြစ်ပါတယ်။

ချဲလ်ဆီးကို သတ်ဖြတ်မှုနဲ့ ဂျင်ဂျုံးစ် ၆၆ ကိုအရေးယူခဲ့ချိန်က တည်ဆဲဥပဒေအရ အကျဉ်းထောင်အတွင်းမှာ ကောင်းကောင်းမွန် မွန်နေထိုင်တဲ့အတွက်ဆိုပြီး ပြစ်ဒဏ်လျော့ပေါ့မှုခံစားခွင့်ရှိနေခဲ့ပါတယ်။ ဒါဟာ ချဲလ်ဆီးရဲ့မိခင်ဖြစ်သူ ပတ်တီအတွက်တော့ ထိတ်လန့်စရာအချက်ပါပဲ။

ဒါကြောင့် ဂျင်ဂျုံးစ်ကို ထောင်ထဲကနေမထွက်ရမယ့်နည်းလမ်းကို ရှာဖွေနေကြောင်း ၂၀၁၃ခုနှစ်မှာ ချဲလ်ဆီးရဲ့မိခင်ဖြစ်သူက အေဘီစီသတင်းဌာနကို ပြောဆိုခဲ့ပါသည်။ သူမအနေနဲ့ ဂျင်ဂျုံစ်ရဲ့သားကောင်ဖြစ်ခဲ့ရသူအခြားမိသားစုကို ရှာဖွေနေကြောင်းပြော ဆိုခဲ့ပါတယ်။

အမေရိကန်မီဒီယာတွေက ဂျင်ဂျုံးစ်ကို သေမင်းတမန်နတ်သမီးလို့ ကင်ပွန်းတပ်ခဲ့ကြပါတယ်။ သူမဟာ ပထမလူသတ်မှုအတွက် ပြစ်မှုထင်ရှားကြောင်း တရားရုံးရဲ့ဆုံးဖြတ်ချက်ခံရပြီး မကြာခင်မှာဘဲ နောက်ထပ်ကလေးတစ်ဦးကို သေလုနီးပါးလုပ်ခဲ့တဲ့အတွက် ပြစ်ဒဏ်ဆက်ပေးခံနေခဲ့ရပါတယ်။

ဒါ့အပြင် ၁၉၇၀ပြည့်နှစ်နဲ့ ၁၉၈၀ပြည့်နှစ်နှောင်းပိုင်းတွေမှာ ဆန်အန်တိုနီယိုနဲ့ အနီးနားက ကားရ်ကောက်တီဒေသတွေမှာ သူနာ ပြုလုပ်ခဲ့သူ ဂျင်ဂျုံးစ်ဟာ ဒါဇင်နဲ့ချီတဲ့ကလေးငယ်တွေ သေဆုံးမှုအတွက် သံသယရှိသူတစ်ဦး ဖြစ်နေဆဲဖြစ်ကြောင်း ခရိုင်ရှေ့နေ နီကိုးလ်လာဟုဒ်က ဆိုပါတယ်။

မစ္စတာလာဟုဒ်က ဂျင်ဂျုံးစ်နဲ့ ပတ်သက်တဲ့ စွဲချက်အသစ်ကို တင်ခဲ့တာဖြစ်ပါတယ်။ ဂျင်ဂျုံးစ်ကျုးလွန်ခဲ့တဲ့ပြစ်မှုနဲ့ သက်သေအ ထောက်အထားတွေနောက်ကို နှစ်နှစ်ကြာ လိုက်လံစုံစမ်းဖော်ထုတ်ခဲ့ပြီးနောက်မှာ မစ္စတာလာဟုတ်ဒ်က သူမဟာမကောင်းဆိုး ရွားသက်သက်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

လက်ရှိအချိန်မှာ တက္ကဆပ်ပြည်နယ်က ဂိတ်စ်ဗီလီမြို့က အကျဉ်းထောင်မှာ အမျိုးသမီးအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံ နေရတဲ့ ဂျင်ဂျုံးစ်ကို ထပ်မံစွဲဆိုမယ့် ခိုင်မာတဲ့အမှုတစ်ခုရှိနေတယ်လို့ ယုံကြည်ထားကြောင်း မစ္စတာလာဟုဒ်က သတင်းစာရှင်း လင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ ဂျင်ဂျုံးရဲ့လုပ်ရပ်ကြောင့် သေဆုံးခဲ့ရတဲ့ကလေးငယ်တိုင်းကို ဖော်ထုတ်ပေးဖို့ ကျွန်တော်တို့အဖွဲ့က ကြိုးပမ်းနေပါတယ်။ ကျွန် တော်တို့ရဲ့အဓိကလိုလားချက်က တရားမျှတမှုပါပဲ” လို့ မစ္စတာလာဟုဒ်က ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)